ဖက်ရှင်အကြောင်းတွေ၊ ယောင်္ကျားတွေနဲ့အိပ်ရာပေါ်အိပ်ဖို့အညှာလွယ်တဲ့အကြောင်းတွေ ချည်းတင်မက ပါဘူးနော်။ Content Marketing အကြောင်းကိုလည်း Emily က ပြောပြခဲ့ပါသေးတယ်။ Emily in Paris ကြည့်ပြီး ဇာတ်ကားထဲကရလာတဲ့ Content Idea လေးတွေကို ကျွန်တော်မြင်သလောက်ဝေမျှ ကြည့် ချင်ပါတယ်။
ဆိုရှယ်မီဒီယာမှာ သူများထက်ထူးခြားအောင်ပို့စ်တင်ချင်တဲ့သူတွေ၊ Page ထောင်ပြီးလုပ်ငန်းစချင်တဲ့သူ တွေ နဲ့ Content တွေကိုဖန်တီးနေတဲ့လုပ်ငန်းတွေ အတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။
အပြောင်းအလဲလုပ်ပြီး ကြော်ငြာပါ
ကုန်ပစ္စည်း၊ ထုတ်ကုန်တစ်ခုခုအကြောင်းကို ကိုယ်က ကြော်ငြာရတော့မယ်ဆိုရင် ပုံမှန်သမားရိုးကျတွေ ချည်းလုပ်နေရင်အလုပ်မဖြစ်တော့ပါဘူး။ တစ်ပုံစံတည်းကိုပဲမသွားပါနဲ့။ ပလက်ဖောင်းမျိုးစုံကိုတိုးချဲ့နိုင် သမျှချဲ့ကြည့်ပါ။ ကိုယ့်ပရိတ်သတ်က ဒီမှာပဲရှိတယ်ဆိုပြီး ဒီကိုပဲမသွားပါနဲ့။ ကျန်တဲ့နေရာကလည်း ကိုယ့်ပရိတ်သတ်ကိုရှာဖွေရမှာဖြစ်ပါတယ်။ (ဆိုရှယ်မီဒီယာပေါ် ကမ်ပိန်းတွေလုပ်တာ မျိုးလုပ်ဖို့ Emily က သူ့ရဲ့အထက်လူကြီး Sylvie ကိုအကြံပေးခဲ့တာပါ။ Episode 1 မှာပါ။)
လိုတိုရှင်းခေါင်းစဉ်ကိုပေးပါ
Emily ဟာ သူ့ Client ထုတ်ကုန်အကြောင်းကို “မိန်းမကိုယ်က ယောင်္ကျားလေးပစ္စည်းမဟုတ်ဘူး” (The vagina is not male!) ဆိုပြီးCaption ထိုးတင်ခဲ့ပါတယ်။ ဒါကို Elysee နန်းတော်ကလူကြီးမင်းကသိပြီး သဘောကျပြီး Share သွားရာကနေ မထင်မှတ်ပဲ ပေါက်သွားခဲ့တဲ့ ပိုစ့် ဖြစ် ခဲ့တာပေါ့။ ဒါကြောင့် ဆိုရှယ် မီဒီယာပေါ်မှာ ပို့စ်တင်ရင် လိုတိုရှင်းနဲ့ ခေါင်စဉ်ခပ်မိုက်မိုက်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ သဘောကျသူ၊ ရင်ခုန်သံချင်းထပ်တူသူတွေက များများ Share မှာပေါ့နော်။ (Episode 2)
အများကိုဆွဲဆောင်ဖို့ မေးခွန်းလေးတွေမေးပါ
ပို့စ်တင်တဲ့အခါ engagement ကောင်းဖို့အတွက် ပရိတ်သတ်ကိုမေးခွန်းမေးဖို့လိုအပ်ပါတယ်။ ကိုယ် ကြိုက်လားမကြိုက်လားဆိုတာအရေးမကြီးပါဘူး။ Customer ကြိုက်မကြိုက်ဆိုတာပဲအရေးကြီးပါ တယ်။ ဒါကြောင့် Customer တွေကို ကိုယ့်ထုတ်ကုန်ပစ္စည်းအပေါ်ဆုံးဖြတ်ခိုင်းရမှာဖြစ်ပါတယ်။ ဒါလေး အသစ်ထွက်ပါတယ်။ သုံးရတာဘယ်လိုလဲ အဆင်ပြေရဲ့လားလို့မေးလိုက်တာနဲ့ သုံးတဲ့သူတွေရဲ့အတွေ့ အကြုံတွေကို Comment မှာကြည့်နိုင်မှာဖြစ်ပါတယ်။ (Episode 3 မှာ Emily တို့ရဲ့ Meeting မှာဆွေး နွေးခဲ့ကြပါတယ်။)
SEO, SEM များများသုံးပေးပါ
ဘယ်သူက ဘယ်အချိန်ဘယ်နေရာမှာ ဘယ်လောက်ကြာအောင် ဘယ်ပစ္စည်းသုံးတာလဲဆိုတာကို သိနိုင် အောင်လုပ်သင့်ပါတယ်။ Google မှာဖြစ်ဖြစ် Social Media မှာဖြစ်ဖြစ် တစ်ယောက်ယောက်ရှာဖွေလိုက် ရင် ကိုယ့်ထုတ်ကုန်အကြောင်းကို အရင်ဆုံးပေါ်လာအောင်လုပ်သင့်ပါတယ်။ (Emily က ညစာစားပွဲမှာ ရေမွှေးလုပ်ငန်းပိုင်ရှင် အန်တွိုင်းကို အကြံပေးခဲ့တာဖြစ်ပါတယ်။ Episode 2)
ကိုယ်တင်သမျှဟာ ဘယ်ပရိတ်သတ်အတွက်လဲ သေချာစဉ်းစားပါ
Target Audience ပြတ်သားဖို့ကို Emily က ရေမွှေးကြော်ငြာကိုဝေဖန်ရင်းပြောခဲ့ပါတယ်။ ကိုယ်ကြော် ငြာချင်တဲ့သူကဘယ်သူလဲ၊ ဘယ်သူတွေဆီကို ထုတ်ကုန်ပစ္စည်းရောက်စေချင်တာလဲဆိုတာ သေသေချာ ချာတွေးဖို့ပေါ့။ ရေမွှေးဆွတ်ထားတဲ့မိန်းကလေးတစ်ယောက် ကိုယ်လုံးတီးနဲ့လမ်းလျှောက်ပြတာဟာ သူ ဆွတ်ထားတဲ့ရေမွှေးကိုကြော်ငြာတာလား၊ သူကိုယ်လုံးတီးလျှောက်ပြနေတာကို ယောင်္ကျားတွေကိုငမ်း စေချင်တာလားမသဲကွဲပြီးဆိုပြီးဝေဖန်ခဲ့တာပေါ့။ (Episode 3)
အများနဲ့မတူတဲ့ ရှုတောင့်ကနေကြည့်ပါ
Content တွေဖန်တီးတဲ့အခါ သမားရိုးကျအတွေးထက် သူများနဲ့မတူနိုင်တဲ့ရှုတောင့်ကနေတွေးပြီးဖန် တီးဖို့အရေးကြီးပါတယ်။ Episode 3 မှာ သူများတွေ အပြိုင်အဆိုင် ပုံတွေလှလှရိုက်ပြီး ပို့စ်တင်နေတဲ့ အချိန် Emily က ပွဲမှာအလှဆင်ထားတဲ့အထဲက စတော်ဘယ်ရီသီးကိုဖြုတ်စားပြပြီး Content Video တင်လိုက်တော့ အများနဲ့မတူတဲ့အိုင်ဒီယာ Content လုပ်နိုင်တယ်ဆိုပြီး သူ့ကို ကုမ္ပဏီရဲ့ influencer လုပ်ဖို့ကမ်းလှမ်းခံရတာမျိုး။ Episode 3 မှာပဲ Hastens မွေ့ရာကြော်ငြာကို မော်ဒယ်လ်နှစ်ယောက်က ဧည့်ခန်းထဲက အိပ်ရာပေါ်မှာအိပ်ပြပြီးကြော်ငြာမယ့်အစား သာမန်လူနှစ်ယောက်က မထင်မရှားတဲ့လမ်း တစ်နေရာမှာ ကြယ်တွေကိုကြည့်ပြီးအိပ်ပြမယ့် အိုင်ဒီယာပေးလိုက်တာမျိုး။ (ရုပ်ရှင်ထဲမှာ မို့လို့ထင် တယ်။ Emily အိုင်ဒီယာပေးလိုက်တဲ့ Content Campaign တွေက အောင်မြင်တာများပါတယ်။)
ကာလံဒေသံကိုလိုက်ပြီး အခွင့်အရေးကိုအသုံးချပါ
သူများ Brand ကို မတိုက်ခိုက်ဘဲ သူများ Brand ကိုတည်မှီပြီးတော့လည်း ကိုယ့် Brand ကို ပိုအောင် မြင်အောင်လုပ်နိုင်တာမျိုးဖြစ်ပါတယ်။ ဝိုင်ပုလင်းတွေကို မသောက်ဘဲနဲ့ အခမ်းအနားတွေမှာ ဖြန်းတဲ့နေ ရာမှာသုံးဖို့သပ်သပ်ထုတ်ပေးလိုက်တာမျိုး (Episode 9)၊ ဟူဒီကို Limited edition တွေထုတ်ပြီး အောင်မြင်နေတဲ့ ဒီဇိုင်နာတွေရဲ့ နားမှာ Street Fashion လုပ်ပြီး ကိုယ့် Brand ကို သူ့ပရိတ်သတ်က စိတ်ဝင်စားအောင်လုပ်တာမျိုး။ (Episode 10)
ဘာလုပ်ချင်တာလဲ သဲကွဲအောင်အရင်လုပ်ပါ
ကိုယ်က Client အတွက် Content ဖန်တီးပေးရမယ့်သူတစ်ယောက်ဆိုရင် Client ကဘာလုပ်ချင်တာ လဲ၊ ပရိတ်သတ်ကရောဘာလိုချင်တာလဲဆိုတာကို ပြတ်ပြတ်သားသားသိအောင် Outline တွေထုတ်ပါ။ မေး ပါ။ ရှင်းလင်းပါ။ (Episode 1,2,3,9,10 တို့မှာ Emily က တစ်ချိန်လုံးဒီအချက်အတွက်ပဲစကားတွေပြော နေတာပါ။)
Content idea တွေအကြောင်းကိုပြောတာပါ။ ကျန်တဲ့ Story Line တွေလိုအပ်ချက်ရှိတာဘာညာက တော့ ဇာတ်လမ်းကြည့်နေကျလူတွေသာ သိမှာဖြစ်ပါကြောင်း Emily in Parise အကြောင်းကို Mr. Content ရဲ့ Perspective ကနေ ဘယ်လိုမြင်သလဲဆိုတာမျှဝေလိုက်ပါတယ်။
ဖက်ရှင်နဲ့ပတ်သက်တဲ့စကားတစ်ခွန်းလည်းအမှတ်ရပါသေးတယ်။ Emily ပြော ခဲ့တဲ့စကားလေးက “နင်ဝတ်ထားတာ ပုံတုံးတယ်ဆိုပြီး ဒီဇိုင်းနာတွေက လှောင်ချင်လှောင်နိုင်ပါတယ်။ ဒါပေမဲ့ပုံတုံး တွေရှိမှ ဒီဇိုင်းနာတွေဖြစ်လာတာပါတဲ့။ ပုံတုံးတဲ့လူတွေသာမရှိရင် ဒီဇိုင်းနာတွေရဲ့ ဖက်ရှင်ဟာ မလန်းဘူး” တဲ့။