Content ရေးနေတဲ့သူငယ်ချင်းတွေ အခုမှ Content writer လုပ်မယ့်မိတ်ဆွေတွေက လှမ်းမေးလို့ ကျွန်တော်တို့သိသလောက်မျှဝေပေးချင်တာဖြစ်ပါတယ်။ ဒီစာက……..
- Content Writer အဖြစ် အလုပ်လုပ်မယ့်သူတွေ
- Facebook မှာ Post ကောင်းကောင်းတင်တတ်ချင်သူတွေ
- Content ရေးနေပေမယ့် ရုတ်တရက်အိုင်ဒီယာထွက်မလာတဲ့သူတွေ
- ကိုယ့် Brand ကို စျေးကွက်မှာ စနစ်တကျဖောက်ချင်သူတွေ
- Page ထောင်ပြီး Content တွေရေး စျေးရောင်းမယ့်သူတွေ…အစရှိသည်ဖြင့် Content နဲ့ အသက် မွေးဝမ်းကျောင်းပြုလုပ်ချင်တဲ့သူတွေကိုရည်ရွယ်ပါတယ်။ လက်ရှိ Content Writer, Copy Writer အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့သူတွေအနေနဲ့လည်း ဒီစာကိုဖတ်မိရင် အခြား သိကောင်းစရာလေးတွေ လမ်းညွှန်မျှဝေဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။
Content ရေးတတ်ဖို့အတွက် အပိုင်း (၅) ပိုင်းခွဲပြီးပြောပြချင်ပါတယ်။ အဲဒါတွေကတော့…
- Content Idea ဘယ်ကရမလဲ
- ခေါင်းစဉ်ဘယ်လိုတပ်မလဲ
- Content အကြောင်းအရာဘယ်လိုရေးကြမလဲ နဲ့ CTA (Call to Action)
- အခြားသိကောင်းစရာများ
- Content Writer နဲ့ Copy Writer တွေ လစာဘယ်လောက်ရသင့်သလဲ ဆိုတာတွေပါ။
(၁) Content Idea ဘယ်ကရမလဲ
>>>>>>>>>>>>>>>>>>>
ကျွန်တော်ကတော့ ကိုယ်ရေးမယ့် Brand အကြောင်းကို နှံ့နှံ့စပ်စပ်လေ့လာထားပြီး အများနဲ့မတူတဲ့အချက်ကဘာလဲဆို တာတွေကို ဆွဲထုတ်ပြီး အိုင်ဒီယာအရင်ယူပါတယ်။ ဥပမာအားဖြင့် အားကစားအကျီင်္တွေရောင်းတဲ့ Page အတွက် Content ရေးရမယ်ဆိုပါစို့။ ဆိုင်မှာ Brand ဘယ်နှစ် မျိုးတင်မှာလဲ၊ ဘယ်လိုပုံစံတွေတင်မှာလဲ၊ အခြားဆိုင်တွေနဲ့ဘာကွာခြားလဲ အစရှိတာတွေကို သေချာ လေ့လာပြီး တစ်ခုချင်းဆွဲထုတ်ထားသင့်ပါတယ်။ ကိုယ်အလုပ်လုပ်မယ့် Brand တွေအကြာင်း ဆိုင်အကြောင်းသေချာသိပြီဆိုရင်တော့ အခြားဆက်နွယ်နေတဲ့အကြောင်းအရာ တွေကိုလေ့လာသင့်ပါတယ်။ အားကစားအကျီင်္အကြောင်း၊ ဆိုင်အကြောင်း၊ Brand အကြောင်းတွေချည်းရေးတင်နေရင်ပျင်းစရာကောင်းမှာပါ။ ဒါကြောင့် အားက စားအကျီင်္ကို ဘယ်တုန်းကဘယ်သူက စတင်ဝတ်ခဲ့တာလဲ၊ အားကစားလုပ်ခြင်းရဲ့ကောင်းကျိုး အစရှိ တဲ့ဆက်နွယ်နေတဲ့အကြောင်းအရာလေးတွေကိုလည်း စာအုပ်တွေဖတ်၊ Google တွေခေါက်ပြီးကိုး ကားရေးသားတင်ပြသင့်ပါတယ်။ အိိုငဒီယာတွေခမ်းခြောက်သွားပြီ ဆိုရင်တော့ အခြားသူရေးသားထား တဲ့ နိုင်ငံတကာ Content တွေကို ဖတ်ရှုလေ့လာနိုင်ပါတယ်။ Google မှာ Keywords Everywhere ကို ရှာပြီး Install လုပ်ပြီး Plugin ထည့်ထားခြင်းအားဖြင့် အိုင်ဒီယာအသစ်တွေရနိုင်ပါတယ်။
(၂) ခေါင်းစဉ်ဘယ်လိုပေးမလဲ
>>>>>>>>>>>>>>>>>
ကိုယ်ရေးတဲ့အကြောင်းအရာက ဘယ်လောက်ပဲကောင်းကောင်း၊ ဘယ်လောက်ပဲဆွဲဆောင်မှုရှိရှိ ခေါင်းစဉ်က ဆွဲဆောင်မှုမရှိရင်ဆက်မဖတ်တတ်ပါဘူး။ ဒါကြောင့် ရုတ်တရက်နှစ်စက္ကန့်လောက်အတွင်းဖတ်မိရုံနဲ့ ဆွဲဆောင်မှုရှိတဲ့ခေါင်းစဉ်ပေးသင့်ပါတယ်။ ဥပမာအား ဖြင့် ကိုယ်ရေးမယ့်အကြောင်းအရာထဲမှာ ဘယ်အရာက ပရိတ်သတ်ကိုအဆွဲဆောင်နိုင်ဆုံးလဲဆိုတာ ကို ငါးမျှားချိတ် (Hook) အဖြစ်အသုံးချပြီးခေါင်းစဉ်တင်သင့်ပါတယ်။ ကားတစ်စီးရမယ့်အခွင့်အရေးတို့ အိုင်ဖုန်းကံထူးနိုင်မယ့်အခွင့်အရေးတို့ စသည်ဖြင့် စျေးကွက်ထဲမှာရှိနှင့်ပြီးသား Hook တွေတွေ့ရတတ် ပါတယ်။ ခေါင်းစဉ်ကလိုတိုရှင်းဖြစ်သင့်ပြီး အရမ်းရှည်နေရင် မဖတ်ချင်ကြပါဘူး။ ပြီးတော့ မေးခွန်း လေးတွေမေးပြီးခေါင်းစဉ်ပေးသင့်ပါတယ်။ ဥပမာ ရွေးကောက်ပွဲအကြောင်းရေးမယ် ဆိုရင် ဒီတစ်ခေါက်ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲ ဆိုပြီးမေးခွန်းမေးလို က်တာမျိုးတို့….စျေးအကြီးဆုံးရေမွှေးကို ၅၀ ရာခိုင်နှုန်းနဲ့ပေးမယ်ဆိုဝယ်မလား တို့ အစရှိသည်ဖြင့် မေးခွန်းတော်တော်များများကို ပရိတ်သတ်ကြကြိုက်ကြပါတယ်။
(၃) Content အကြောင်းအရာဘယ်လိုရေးကြမလဲ နဲ့ CTA (Call to Action)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Inverted Pyramid ပုံစံနဲ့ တင်ပြတာအကောင်းဆုံးလို့ကျွန်တော်ကတော့ယူဆပါတယ်။ ကိုယ်ရေးမယ့် အကြောင်းအရာထဲမှာ အဓိကပြောချင်တာဘာလဲ၊ Focus ကဘာလဲဆိုတာကို အရင်ဆုံးဦးစားပေးရေး သင့်ပါတယ်။ အဲဒါပြီးမှ ဒုတိယဦးစားပေး၊ တတိယဦးစားပေး အစရှိသည်ဖြင့် ပိရမစ်ဇောက်ထိုးပုံစံတင် ဆက်သွားရင် ကိုယ်လိုချင်တဲ့ Point ကိုလည်းပေးနိုင် စာအရှည်ကြီးမဖတ်ချင်တဲ့သူကလည်း အပေါ် စာပိုဒ်တွေကို ဖတ်ရုံနဲ့ လုံလောက်နိုင်ဖြစ်သွားတာပေါ့။ တက်ကြွနေတဲ့ပုံစံ (စကားပြော) နဲ့ရေးတာ အကောင်းဆုံးပါ။ စကားပြေနဲ့ရေးရင် ဖတ်ရတာစာသိပ်မသွားပါဘူး။ စာလုံးပေါင်းကိုအထူးဂရုစိုက်သင့် ပါတယ်။ Content ရေးတဲ့သူတော်တော်များများ စာလုံးပေါင်းမှားတာကတော့ Pro မကျရာရောက်တယ် လို့ထင်မြင်မိပါတယ်။
စာပိုဒ်ကို သုံးပိုဒ်နဲ့ ငါးပိုဒ်သာအများဆုံးရေးသင့်ပါတယ်။ ပထမနှစ်ပိုဒ်လောက်မှာကတည်းက ကိုယ့်ထုတ် ကုန်အတွက် ထူးခြားထိရောက်တဲ့စကားလုံးတွေထည့်သွင်းသင့်ပါတယ်။ အခြေအနေအ ပေါ်ကိုလိုက်ပြီး ဗန်းစကားသုံးသင့်ပါတယ်။ ပညာရေးဝန်ဆောင်မှုအကြောင်းရေးမယ့်Content မှာချိမ တို့ချစ်ဖတို့ရေ….ဆိုတဲ့ ပုံစံမျိုးရေးတာကမသင့်တော်သလို ချစ်တို့ရေ…ဒီနေ့က ဘာဖြစ်တယ်..ညာဖြစ် တယ်ဆိုတာမျိုးကိုလည်း သံရုံးသတင်းထုတ်ပြန်ချက် Content တို့မှာရေးလို့မသင့်တော်ပါဘူး။
ကိုယ့်ထုတ်ကုန်ဘယ်လောက်ကောင်းကြောင်းရေးဖို့ထက် ကိုယ့်ထုတ်ကုန်မှာဘာတွေပါလို့ဘယ်သူ တွေအတွက်သင့်တော်ကြောင်းကိုသာပြစေချင်ပါတယ်။ အပြောထက်အပြက Content မှာ ပိုထိရောက် ပါတယ်။ ကိုယ်ပိုင်အိုင်ဒီယာများများထည့်ပြီး ကိုယ်ရေးတဲ့ Brand ကိုထိခိုက်စေမယ့် Trends ကိုမလိုက် စေချင်ပါဘူး။
အားလုံးပြီးရင် နောက်ဆုံးမှာ CTA ကိုတော့ မဖြစ်မနေထည့်သွင်းသင့်ပါတယ်။ ဒီထုတ်ကုန်နဲ့ပတ်သက် ရင် ဘယ်ကိုဆက်သွယ်နိုင်ပါတယ်။ ဘယ်မှာမေးမြန်းနိုင်ပါတယ်ဆိုတဲ့ Call to action ဖြစ်ပါတယ်။
(၄) အခြားသိကောင်းစရာများ
>>>>>>>>>>>>>>>>
ကိုယ်ရေးသမျှ Content နဲ့ပတ်သက်ပြီး အမြဲတမ်းသုံးသပ်နေဖို့လိိုပါတယ်။ တစ်ချို့ပိုစ့်တွေက အားစိုက် ပြီးစိတ်နှစ်ကိုယ်နှစ်ရေးထားပေမယ့် engagement မကောင်းတတ်သလို တစ်ချို့ပို့စ်တွေကျတော့ သိပ် အားမစိုက်လိုက်ရဘဲ အရမ်းပေါက်သွားတာမျိုးလည်းရှိတတ်ပါတယ်။ ဆိုတော့ ကိုယ့်တံဆိပ်၊ ထုတ် ကုန်ပစ္စည်းအကြောင်းကို သုံးစွဲသူက ဘာပြောလဲဆိုတာ အမြဲမပြတ်နားထောင်စေချင်ပါတယ်။ ပြိုင်ဖက်တံဆိပ်၊ ကုမ္ပဏီတွေဘာလုပ်နေတယ်၊ ဘာရေးနေတယ်ဆိုတာကိုလည်းမပြတ်ကြည့်နေဖို့လို အပ်ပါတယ်။ ပြီးတော့ ကိုယ့်Content တစ်ခုက မနေ့ကဘယ်လောက်ထိအောင်မြင်ပြီးဒီနေ့ဘယ်လောက်ထိ engagement ရတယ်ဆိုတာကိုလည်း လေ့လာနေသင့်ပါတယ်။ # တို့ Emoji တို့ ကိုလိုတာထက်ပိုသုံးတဲ့ခေတ်မ ဟုတ်တော့ပါဘူး။ ဒါကြောင့် လိုအပ်သလောက်သာသုံးသင့်ပါတယ်။
(၅) Content Writer နဲ့ Copy Writer တွေ လစာဘယ်လောက်ရသင့်သလဲ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဘာလို့လစာအကြောင်းပြောချင်တာလဲဆိုတော့ အခုနောက်ပိုင်း Content Writer နဲ့ Copy Writer ကိုသေသေချာချာမသဲကွဲဘဲ ရေးနေတဲ့သူ၊ စာလုံးပေါင်းမမှန်ဘဲနဲ့ Content ရေးစားနေသူတွေအများ ကြီးရှိလာလို့ပါ။ မြန်မာစာနည်းနည်းပါးပါးရေးတတ်ရုံနဲ့ Content Writer လို့ခံယူထားသူတွေအတွက် စိတ်မကောင်းဖြစ်လို့ပါ။