ဘယ်လို ဆိုရှယ်မီဒီယာအမျိုးအစား (Facebook, TikTok, YouTube) အတွက်ပဲဖြစ်ဖြစ် Video Content တွေ ဖန်တီးတဲ့အခါ ဒီအချက်လေးတွေကို မဖြစ်မနေသိထားသင့်ပါတယ်။
(၁) ဘယ်သူ့အတွက်လဲ၊ ဘာရည်မှန်းချက်လဲ
ကိုယ်ကြည့်စေချင်တဲ့ပရိတ်သတ်ကဘယ်သူလဲ၊ လူကြီးလူငယ်၊ အသက်အရွယ်အပိုင်းအခြား၊ ကိုယ့်လုပ်ငန်းရဲ့ ပရိတ်သတ်အခြေအနေကိုအရင်ဆုံးစဉ်းစားပါ။ သူတို့ကို သတင်းပေးချင်တာလား၊ ပညာပေးချင်တာလား၊ ဖျော် ဖြေချင်တာလား၊ ရောင်းအားမြင့်တက်အောင်လုပ်ချင်တာလား ဆိုတာကိုလည်းစဉ်းစားပါ။ အဲဒါသေချာရင်တော့ အလုပ်စ,လုပ်လို့ရပါပြီ။
(၂) ဇာတ်ညွှန်းပြင်ပါ။
တိုတိုလေးနဲ့ ထိရောက်တဲ့သတင်းအချက်အလက်ပေးနိုင်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် ဖြစ်သလိုမဖန်တီးပါနဲ့။ အခန်း (၁) မှာဘာရိုက်မယ်၊ ကင်မရာမြင်ကွင်းအမြင်ဆန်းအောင် ဘာ Angle, ဘာ Shot လဲ၊ ဘယ်လိုရုပ်ကပ် တွေက အမြင်ဆန်းစေမလဲ အစရှိသဖြင့် ကိုယ်လက်လှမ်းမှီသလောက် ဇာတ်ညွှန်းကိုပြင်ပါ။ ဇာတ်ညွှန်းရေးပေး တဲ့ Ai တွေလည်း အများကြီးရှိတာမို့ အကူအညီရယူနိုင်ပါတယ်။
(၃) ကွာလတီဖြစ်ဖို့ ဦးစားပေးပါ။
ပစ္စည်းအကောင်းကြီးတွေသုံးနိုင်ရင်တော့အကောင်းဆုံးပေါ့လေ။ ဒါပေမဲ့ မိုဘိုင်းဖုန်းတစ်လုံးရှိရုံနဲ့ Content ပေါင်းစုံထုတ်နေကြတဲ့ခေတ်မှာ ဘာနဲ့ပဲရိုက်ရိုက် ကွာလတီဖြစ်ဖို့လိုအပ်ပါတယ်။ ကွာလတီဖြစ်တယ်ဆိုတာ ကတော့ ကင်မရာအယူအဆ၊ အသံကြည်လင်ပြတ်သားမှု၊ အလင်းအမှောင်၊ တည်ငြိမ်တဲ့ရိုက်ချက်တွေက အဓိ ကကျပါတယ်။ အဓိကကတော့ အချိန်ပေးဖို့နဲ့ စိတ်ရှည်ဖို့လိုပါတယ်။
(၄) သမားရိုးကျနည်းလမ်းကနေခွဲထွက်ပါ။
ပထမ ငါးစက္ကန့်အတွင်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုဖြတ်ထုတ်ပြီးအရင် ဆုံးထည့်ပါ။ ဒီပုံစံဟာ လက်ရှိ Content Creator တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်သုံးတဲ့ ပုံစံဖြစ်ပါတယ်။ ရိုက်တဲ့အခါ Framing တွေ၊ B-Roll တွေကို သေသေချာချာဂရုပြုပါ။ ကင်မရာရိုက်ချက်ကျွမ်းကျင်သူမဟုတ်ရင် Ai ကို Demo ထုတ်ခိုင်းလို့ ရပါ တယ်။
(၅) အကောင်းဆုံးတည်းဖြတ်ဖို့ဘာတွေလိုမလဲ
ဇာတ်ညွှန်းပိုင်း၊ ရိုက်ကူးရေးပိုင်းအပြီးမှာတော့ တည်းဖြတ်တဲ့အခါ ပရိတ်သတ်မပျင်းစေဖို့ လိုအပ်တဲ့အပိုင်း ကလေးတွေကိုသေချာရွေးထုတ်တည်းဖြတ်ဖို့လိုပါတယ်။ လက်ရှိအသုံးများတဲ့ ဆော့ဖ်ဝဲတွေကတော့ Adobe Premiere Pro, Final Cut Pro, DaVinci Resolve (Professional) / CapCut, InShot (Mobile-Friendly) တို့ ပဲဖြစ်ပါတယ်။ စနစ်ကျတဲ့ တည်းဖြတ်မှုလိုအပ်ပါတယ်။ နောက်ခံအသံထည့်သွင်းထားမှု၊ ကိုယ်သုံးမယ့်ဆိုရှယ်မီ ဒီယာအပေါ်လိုက်ပြီး စာတမ်းထိုး၊ မထိုး ကိုလည်းဂရုပြုပါ။
(၆) ဆွဲဆောင်မှုရှိတဲ့ ပုံစံဖန်တီးပါ။
SEO နဲ့ ပလက်ဖောင်းအလိုက် Optimization ကအရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် Keyword ပါတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်ကိုရွေးပါ။ Thumbnail ကို သေသေချာချာလေးသုံးပါ။ hashtag & description ကို အထူးဂရုပြုဖို့လည်းလိုအပ်ပါတယ်။
နောက်ဆုံး ကိုယ်ဖန်တီးထားတဲ့ပုံစံက ကိုယ်ပိုင်စတိုင်ဖြစ်ပြီး ကိုယ့်စိတ်တိုင်းကျဖြစ်နေပြီဆိုရင်တော့ သင့် Video Content လေးက နည်းစနစ်တကျ၊ အထာကျကျ၊ ပရိုကျကျ Video Content လေးတစ်ပုဒ်ဖြစ်ပြီလို့ဆိုနိုင်ပါတယ်။