TikTok မှာ လုပ်ငန်းချဲ့ပြီး Content တွေ အဆက်မပြတ်ဖန်တီးချင်သူတွေအတွက် ဒီပို့စ်ကိုရည်ရွယ် ရေးသားပါတယ်။
လူကြီးမင်းရဲ့လုပ်ငန်းက TikTok အကောင့်တစ်ခုမရှိသေးဘူးလား။ ဒါဆိုရင်တော့ အချိန်နောက်မကျ ခင်မှာပဲ ဖန်တီးလိုက်ပါ။
(၁) စာရှည်ကြီးမလိုတဲ့ TikTok
TikTok Content တွေဟာ ဗီဒီယိုတွေအများစုဖြစ်တာကြောင့် စာရှည်ကြီးတွေမလိုတာက အားသာချက်တစ် ခုဖြစ်ပါတယ်။ ဒါပေမဲ့ တိုတိုလေးနဲ့ထိရောက်အောင်ရေးဖို့ဆိုတာကလည်းစိန်ခေါ်မှုတစ်ခုဖြစ်နေပြန်ပါတယ်။ ဒါကြောင့် TikTok Content ဟာ ပထမစက္ကန့်အတွင်း ကြည့်ရှုသူကိုဆွဲဆောင်နိုင်မယ့် ခေါင်းစဉ်လေးဖြစ်ဖို့ လိုပါတယ်။ Hook လို့ခေါ်ပါတယ်။ တစ်ကြောင်းဖတ်ပြီးရင်နောက်တစ်ကြောင်းဖတ်ချင်စိတ်၊ အစ,ကိုကြည့် မိရင် အဆုံးအထိ ကြည့်ချင်စိတ်ဖြစ်လာအောင် Content Creator တွေက ဖန်တီးရမှာဖြစ်ပါတယ်။
(၂) တိုတိုနဲ့ပြည့်စုံပါ
အရှေ့မှာပြောခဲ့သလိုပါပဲ TikTok က 15-60 စက္ကန့်အတွင်း အာရုံစူးစိုက်မှုကို ထိန်းထားနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် တစ်ပုဒ်လုံးပြီးတဲ့အခါ Key Message ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ဖို့လိုပါတယ်။ အစ,ကောင်း ပြီးအဆုံးသေချာဖို့ကိုဆိုလိုတာပါ။ ရုပ်ရှင် recap ကောင်းကောင်းလေးလိုမျိုး ခဏလေးနဲ့ ပြီးပြီစုံတဲ့ရသကို ပေးစွမ်းနိုင်အောင်ဖန်တီးပါ။
(၃) Visual & Audio ကောင်းမွန်ပါစေ
ရုပ်ရှင်ကောင်းကောင်းနဲ့ သီချင်းနဲ့ Sound Effect တွေသုံးပြီး Engagement တိုးမြှင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်သုံးတဲ့ဗီဒီယိုနဲ့လိုက်ဖက်မယ့်နောက်ခံတီးလုံး၊ ကိုယ်ရေးတဲ့စာနဲ့လိုက်ဖက်မယ့် အသံတွေကိုသေသေချာ ချာသုံးစေချင်ပါတယ်။
(၄) Trend တွေကိုလိုက်ပါ
TikTok Challenge, Hashtag, Viral Sound တွေကို ဖော်ကြည့်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ Trend တွေနောက်ကို လိုက်ရမှာဖြစ်ပါတယ်။ ကိုယ်စတိုင်နဲ့ကိုယ်ဆိုတာထက် သူများစတိုင်ကို ကိုယ့်စတိုင်ပြောင်းတဲ့ဗျူဟာလေးက TikTok မှာ အလုပ်ဖြစ်ပါတယ်။
(၅) CTA (Call-to-Action) ထည့်ပါ
ဒါကတော့ Content တိုင်းအတွက် ဘယ်ပလက်ဖောင်းမှာမဆိုပြုလုပ်ရမယ့်အချက်ပါ။ Like လုပ်ပါ၊ Share လုပ်ပါ၊ Follow လုပ်ပါ ဆိုတဲ့ တိုက်တွန်းချက်ကလေးတွေနဲ့ CTA တွေထည့်ထားဖို့မမေ့ပါနဲ့လို့ဆိုချင်ပါတယ်။