ကုန်ပစ္စည်းအရောင်း Post လေးတစ်ခု ကျွန်တော်တို့အတူတူရေးကြည့်ရအောင်ပါ။
Online Shop တစ်ခုမှာ အဝတ်အထည်၊ ကုန်ပစ္စည်းတစ်ခု ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို အများပြည် သူ ကို ရောင်းမယ်ဆိုပါစို့။ အွန်လိုင်းပေါ်မှာ အရောင်း Post ရေးတဲ့အခါ သတိထားစရာလေးတွေကိုတစ်ခု ချင်း ရှာဖွေကြည့်ကြရအောင်ပါ။ သေချာတာကတော့ ဈေးထဲမှာ ဈေးဝယ်သလိုခေါက်တုန့်ခေါက်ပြန်သွား လာပြန်ကြည့်ဝယ်ကြလိမ့်မှာမဟုတ်ပါဘူး။ ကိုယ့်အရောင်း Post က ရေးထားတာ ဆွဲဆောင်မှုမရှိရင် Scroll လုပ်ပြီး ကျော်သွားကြမှာပါ။
(၁) Post အစကို စာကြောင်းရှည်ကြီးတွေမဖြစ်ပါစေနဲ့
အရောင်း Post ရဲ့ ပထမဆုံးရေးရမယ့် စာကြောင်းက ခေါင်းစဉ်ဖြစ်ပါ တယ်။ ခေါင်းစဉ်ဆိုတော့ အရမ်း ရှည်လို့မဖြစ်ပါဘူး။ ဖေ့စ်ဘုတ်သုံးတဲ့သူအများစုက အကြောင်းအရာတစ်ခုတည်းကိုသက်သက်ကြည့် နေကြတာမဟုတ်ပါဘူး။ ကိုယ့်ဖုန်းပေါ်မှာတက်လာမယ့်အရာမှန်သမျှကိုကြည့်ရင်း ဖုန်း Screen ကို အောက်ကိုဆွဲချရင်းနဲ့ စူးစမ်းလေ့လာကြတာမို့ စိတ်မရှည်စရာခေါင်းစဉ်ရှည်ကြီးဆိုရင် လုံးဝ (လုံးဝ) မဖတ်ကြတာများပါတယ်။ ဒါကြောင့်ခေါင်းစဉ်ကို မြန်မာလိုရေးမယ်ဆိုရင် စာလုံးရေ ၃၀ ထက်မပိုတာ အကောင်းဆုံးပါ။
(၂) ရောင်းချင်တဲ့အကြောင်းအရာကိုတိုက်ရိုက်သာရောင်းချပါ
အရောင်း Post မို့ ဒီပစ္စည်းဖြစ်ပါတယ် ဒါတွေကောင်းပါတယ်ဆိုတာကို တိုက်ရိုက်သာရောင်းချစေချင်ပါ တယ်။ ဝေ့လည်ကြောင်ပတ်လုပ်ပြီး ကြော်ငြာပြီးမှ နောက်ဆုံး ဒီပစ္စည်းရောင်းတာပါဆိုတာမျိုးက အရောင်းမဆန်ပါဘူး။ ဖေ့စ်ဘုတ်သုံးသူတွေဟာ ကိုယ့်အရောင်း Post တစ်ခုတည်းကိုဖတ်ဖို့အချိန်မပေး ကြတာများပါတယ်။ ဒါကြောင့် ခေါင်းစဉ်တိုတိုရဲ့အောက်မှာ ကိုယ့်ထုတ်ကုန်ရဲ့အရောင်းချင်ဆုံးသောအ ကြောင်းအရာကိုသာ ရောင်းတဲ့အကြောင်းလေးရေးလိုက်ပါ။ ဥပမာ “သဘာဝပဲဆီစစ်စစ်ရောင်းချင်လို့” ဆိုတာမျိုး “နောက်ဆုံးထွက် ဒီဇိုင်းသစ်အဆင်ဆန်းလေးတွေရောက်ပြီနော်” ဆိုတာမျိုး “ပုံမှန်ထက် ငါး ဆတန်တဲ့ဈေးနဲ့ရောင်းနေပြီ” ဆိုတာမျိုးတွေပေါ့ခင်ဗျာ။
(၃) အီမိုဂျီကို မဟားတရားမသုံးပါနဲ့
အီမိုဂျီတစ်သိန်းခေတ်ကုန်သွားပါပြီ။ ဒါကြောင့် စာတစ်ပိုဒ်လုံးမှာ အီမိုဂျီလေးငါးခုထက်မပိုတာအကောင်း ဆုံးလို့ထင်ပါတယ်။ အီမိုဂျီတွေအများကြီးနဲ့ရေးထားတဲ့စာတွေကို အခုစာဖတ်နေသူကရော ကြိုက်လေ့ရှိ ပါသလား။ ကျွန်တော်တို့ရဲ့ Client တော်တော်များများကတော့ အီမိုဂျီမသုံးကြတော့သလို အွန်လိုင်း Shop တော်တော်များများလည်း အီမိုဂျီကိုမသုံးကြတော့သလောက်ဖြစ်နေပါပြီ။
(၄) ပိရမစ်ဇောက်ထိုးဖြစ်ပါစေ
ကိုယ်ရေးတဲ့ Sales Post ဟာ ပိရမစ်ဇောက်ထိုးပုံစံဖြစ်စေချင်ပါတယ်။ ဆိုလိုချင်တာက အရေးအကြီးဆုံး သောအကြောင်းအရာကို အရင်ဆုံးရေးပါ။ ပြီးမှ ဒုတိယအရေးအကြီးဆုံး၊ တတိယအရေးအကြီးဆုံးစ သည်ဖြင့် အစဉ်လိုက်ရေးသွားရမှာဖြစ်ပါတယ်။ (သတင်းတွေရေးတဲ့ပုံစံကို Content မှာလည်းသုံးသင့် တာဖြစ်ပါတယ်။)
(၅) Creative ၃၀ ရာခိုင်နှုန်းခန့် သုံးပါ
ဒါရောင်းမယ်၊ ဒါဝယ်ပါ၊ ဈေးဒီလောက်ဆိုတဲ့ တုံးတိကြီးပုံစံမျိုးမသွားပါနဲ့။ “သူငယ်ချင်းတို့အတွက် အရမ်း ကောင်းတဲ့ပစ္စည်းလေးမို့ ရစေချင်လို့ရောင်းပေးတာ” တို့ “ယောင်္ကျားစားရင်မိန်းမပါချိုတဲ့ ဇီးယို” တို့ “ချစ် သူရဲ့ပါးထက်မွှေးတဲ့ရေးမွှေး” တို့ Creative ဆန်ဆန်စာသားလေး ၃၀ ရာခိုင်နှုန်းလောက်ထည့်သင့်ပါ တယ်။
(၆) Hashtag (#) သုံးပါ
ကိုယ့်ထုတ်ကုန်နဲ့ပတ်သက်တဲ့ အကြောင်းအရာ (သို့မဟုတ်) ဆက်နွယ်တဲ့အကြောင်းအရာပါဝင်တဲ့ Hashtag (#) သုံးလေးခုလောက် စာအဆုံးမှာသုံးပါ။ ဒါပေမဲ့ စာကြောင်းအစတွေ စာပိုဒ်အလယ်တွေမှာ မသုံးတာအကောင်းဆုံးပါ။ မျက်စိရှုပ်ပြီး Hashtag (#) ထည့်တဲ့နေရာနဲ့ စာပိုဒ်တွေရောနှောနေတာမို့ဖတ် သူကို အမြင်ဝေဝါးစေပါတယ်။
ဒါဆိုရင်တော့ ကျွန်တော်တို့ အတူတူစမ်းရေးကြည့်လိုက်ကြစို့နော်။