Content Writing မှာ Hashtag (#) တွေကို အများကြီးသုံးတာက ကောင်းတဲ့အချိန်နဲ့ မကောင်းတဲ့အချိန် ရှိပါတယ်။ သင့်တော်တဲ့နေရာမှာ မှန်ကန်စွာသုံးမယ်ဆိုရင် အကျိုးကျေးဇူးရှိပေမယ့်၊ အလွန်အကျွံသုံးမိရင် ဆန့်ကျင်ဘက်ဖြစ်နိုင်ပါတယ်။
ဘယ်အချိန်တွေမှာ Hashtag သုံးသင့်လဲ
Social Media (Twitter, Instagram, LinkedIn, TikTok) တွေမှာ Hashtag တွေက Content ကို Discoverable (ရှာဖွေလွယ်အောင်) လုပ်ပေးပါတယ်။ သက်ဆိုင်ရာ Topic/Community နဲ့ ချိတ်ဆက်ဖို့ အထောက်အကူဖြစ်စေပြီးတော့ Instagram မှာ Hashtag ကို လေးငါးဆယ်ခုလောက်အထိ Engagement တက်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် Social Media ပေါ်မှာတင်ဖို့ရေးတဲ့ Content တွေမှာ သက်ဆိုင်ရာ Hashtag လေးတွေသုံးသင့်ပါတယ်။ လက်ရှိ Viral ဖြစ်နေတဲ့ Hashtag တွေနဲ့ချိတ်ရင် Reach ပိုများနိုင်ပါတယ်။ ကိုယ်ပိုင် Brand Hashtag (#NikeJustDoIt) သုံးပြီး User-generated Content စုဆောင်းတဲ့အခါ မှာလည်း Hashtag ကအသုံးဝင်ပါတယ်။
ဘယ်အချိန်တွေမှာ Hashtag အများကြီးမသုံးသင့်ဘူးလဲ
Professional Content (Blog, Website, Formal Writing) မှာ Hashtag တွေက Informal ဖြစ်တာကြောင့် စာဖတ်သူအာရုံထွေပြားစေနိုင်ပါတယ်။ SEO အတွက် Hashtag တွေက အာနိသင်မရှိပါဘူး (Keyword Optimization က ပိုအရေးကြီးပါတယ်)။ Hashtag 20-30 ခုလောက်ထည့်ရင် Content က Spam နဲ့တူပြီး Credibility ကျစေနိုင်ပါတယ်။ ဒါကြောင့် အလွန်အကျွံမသုံးသင့်ပါဘူး။ Twitter လို Platform မှာ Hashtag နှစ်ခုသုံးခုထက်ပိုရင် Engagement ကျတတ်တယ်လို့ဆိုပါတယ်။
မဆိုင်တဲ့ Hashtag တွေမထည့်ပါနဲ့၊ သုံးသင့်တဲ့အခြေအနေမှာသာသုံးပါ
#LikeForLike #FollowMe လိုမျိုး Irrelevant Hashtag တွေက Algorithm ကို နှောင့်ယှက်ပြီး Reach ကျစေနိုင်တာမို့ မသုံးသင့်ပါဘူး။ ဒါကြောင့် Social Media (Instagram, TikTok, Twitter) တွေမှာ Hashtag ကောင်းကောင်းသုံးပါ။ Blogs/Websites/Professional Content တွေမှာတော့ Hashtag ထက် Keywords နဲ့ Internal Linking ကို ဦးစားပေးပါ။ Facebook မှာတော့ Hashtag အလွန်အကျွံမသုံးပါနဲ့ (နှစ်ခု၊ သုံးခုနဲ့တင် လုံလောက်ပါတယ်။)
Hashtag တွေကို Relevant, Specific နဲ့ Limited ဖြစ်အောင်သုံးပါ။ Platform အလိုက် Strategy ချမယ်ဆိုရင် ပိုထိရောက်ပါလိမ့်မယ်။