ဘာပဲရေးရေးနောက်ဆုံးမှာ CTA ကိုထည့်သွင်းရေးသားရမှာဖြစ်ပါတယ်။ CTA ဟာ ကိုယ့်ကုန်အမှတ် တံဆိပ်နဲ့ပတ်သက်လို့ ဖတ်ရှုသူအားလုံးက သတိထားဆက်သွယ်နိုင်မယ့် တစ်ခုတည်းသောအရာလည်း ဖြစ်ပါတယ်။
CTA ဆိုတာက စာရေးသားပြီးရင်နောက်ဆုံးစာပိုဒ်မှာ “ဒီထုတ်ကုန်နဲ့ပတ်သက်လို့ ဖုန်းနဲ့ပါတ်ဘယ် လောက်၊ ဘယ်လိပ်စာကို ဆက်သွယ်နိုင်ပါတယ်” ဆိုပြီးထည့်ရတဲ့စာပိုဒ်ဖြစ်ပါတယ်။ ကိုယ်ကပြောချင် တာပြော၊ ရေးချင်တာရေး၊ ပေးချင်တဲ့သတင်းအချက်အလက်ကိုပေးပြီးရင် ကိုယ့်အကြောင်း၊ ကိုယ့်ကုန် အမှတ်တံဆိပ်အကြောင်းကို ကြော်ငြာပေးလိုက်တဲ့သဘောဖြစ်ပါတယ်။
(၁) CTA ထည့်ခြင်းက သင့်ကုန်ပစ္စည်းအရောင်းလမ်းကြောင်းကို အဓိကဖွင့်ပေးတဲ့အရာပါ
စာဖတ်ပြီးသွားလို့ ကုန်ပစ္စည်းကိုဝယ်ချင်စိတ်ပေါက်သွားတဲ့အခါ ချက်ချင်းဝယ်နိုင်အောင် လမ်းဖွင့်ပေးတဲ့ အရာဖြစ်ပါတယ်။ ဝယ်သူအနေနဲ့ ဘာဆက်လုပ်ချင်သလဲဆိုတဲ့ဆန္ဒကိုဖြည့်ပေးတာဖြစ်ပါတယ်။
(၂) ကာစတန်မာမျှော်လင့်တဲ့အရာလည်းဖြစ်တယ်
ရောင်းတဲ့သူက ကိုယ့်ကုန်ပစ္စည်းကို ဝယ်အောင် CTA ကို စာပိုဒ်အဆုံးမှာ ထည့်ပေးတာမျိုးတစ်ခု တည်းတင်မဟုတ်ပါဘူး။ CTA ထည့်ခြင်းဟာ ကာစတန်မာတွေမျှော်လင့်တဲ့အရာတစ်ခုလည်း ဖြစ်ပါ တယ်။ ဟုတ်တယ်လေ။ စာဖတ်ပြီးမှ ဘယ်မှာ ဝယ်ရမလဲဆိုတာလေးကိုလည်းသိချင်တာပေါ့။
(၃) CTA ဟာ Digital Advertising တစ်မျိုးပါ
Pay-per-click (PPC) advertising မှာ အဓိကအရေးပါတဲ့ အရာတစ်ခုဟာ CTA ဖြစ်ပါတယ်။ အဲဒါမရှိရင် အရောင်းပို့စ်က မပြည့်စုံပါဘူး။ပြီးပြည့်စုံတဲ့ အရောင်း Content တစ်ခုလည်းဖြစ်မလာပါဘူး။
ဒါကြောင့် CTA ကို မဖြစ်မနေသုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်။