ကြော်ငြာအရောင်းစာတွေမှာက သူ့နည်းဗျူဟာနဲ့သူ ရှိပြီးသားပါ။ Copywriter သုံးမယ့် နည်းဗျူဟာဆိုတော့ Copywriter ဖော်မြူလာလို့ ပြောရမယ်ထင်ပါတယ်။
Copywriter တစ်ယောက်က သူ့ Copy တင်မယ့် channel နဲ့ ရောင်းချင်တဲ့ပုံစံပေါ် လိုက်ပြီး သင့်တော်တဲ့ Copywriting ဖော်မြူလာ သုံးရပါတယ်။Copywriter ရဲ့ အလုပ်ကိုက 3C လို့ ခေါ်တဲ့ သူ့ကြော်ငြာကို Click နှိပ် ၊ Conversion လို့ခေါ်တဲ့ စာဖတ်ပြီး ဝယ် ၊ ဝယ်တဲ့ Customer နဲ့ အမြဲလက်ပွန်းတတီးရှိနေဖို့ပါပဲ။
အခု ပြောမယ့် ဖော်မြူလာ tips လေးက Copywriter သုံး toolkits လေးတစ်ခုလို့လည်း မှတ်နိုင်ပါတယ်။ အရင်ဆုံး Headline (ခေါင်းကြီး/စီး) ဖော်မြူလာတွေနဲ့ စလိုက်ရအောင်ပါ။
Headlines ခေါင်းစီးဆိုတာကတော့ သူ့စကားလုံးအတိုင်း အတွင်းစာတွေ မမြင်ခင် အရင်ဆုံး Customer ရဲ့ အာရုံနဲ့ သိလိုစိတ်ကို ဖမ်းယူမယ့် ပထမဆုံးစာကြောင်း ၊ ပထမဆုံးခေါင်းစဉ်ပါ။ ဒီစာကြောင်းနဲ့ စာဖတ်သူ/ဈေးဝယ်သူကို ဆွဲခေါ်ရပါမယ်။ Headline Copywriting မှာ သုံးတတ်တဲ့ ဖော်မြူလာတွေထဲမှာ အသုံးအများဆုံးတစ်ခုက PAS ပါ။
သူ့အလုပ်လုပ်ပုံက
(၁)စာဖတ်သူကို ပြဿနာတစ်ခု ချပြမယ်။ (Problem)
(၂) အဲ့ဒီပြဿနာကို အာရုံစိုက်လာအောင် ပြောမယ်။ (Agitate)
(၃) ကိုယ့်စာထဲမှာ အဖြေတစ်ခု ထုတ်ပေးမယ်။ (Solve)
PAS နည်းနဲ့ အွန်လိုင်းပေါ် အရောင်းတင်နေတဲ့ ပို့စ်တွေ တွေ့ဖူးပါလိမ့်မယ်။ ဥပမာ ဆိုပါတော့။ ကျွန်တော်တို့ဆီမှာ မီးအရမ်းပြတ်တာကိုး။ အဲ့ဒီမှာ Powerbank / Solar ပြား/ ဘက်ထရီရောင်းချင်တဲ့ ဆိုင်တစ်ဆိုင်က သူ့ Page မှာ ဒါမျိုး ကြော်ငြာပါလိမ့်မယ်။
“မီးဘယ်လောက်ပြတ်ပြတ် ( ) ရှိရင် စိတ်မပျက်ရတော့ဘူး” ဆိုတာမျိုးပါ။
အခု ပြထားတဲ့ () ထဲမှာ ကိုယ့် product ကို ထည့်လို့ ရပါတယ်။ ဒါက နမူနာပါ။ ဒီထက်ပိုပြီး Creative ဖြစ်အောင် အများကြီး ရေးလို့ ရပါတယ်။
အရေးကြီးတာက (၁) ပြဿနာကို ပြ, (၂) ပြဿနာကို မြင်အောင်လုပ် (၃) အဖြေပေးပါပဲ။
Copywriting Headline စဉ်းစားတဲ့အခါ ဒီဖော်မြူလာလေး သုံးကြည့်ဖို့ မျှဝေလိုက်တာပါ။