လုပ်ငန်းတွေ အရှိန်အဟုန်နဲ့လည်ပတ်ဖို့ဆိုရင် Content Marketing ကို တစ်ဆင့်မြှင့်ဖို့လိုနေပါပြီ။ Content Writing အလွန်ကာလမှာတော့ ဒီလိုအချက်တွေက Content Writer တွေအတွက် level up ဖို့ကြိုတင်ပြင်ဆင် ထားရမယ့်အချက်တွေဖြစ်ပါတယ်။
(၁) တွေးခေါ်ဖန်တီးမှုနဲ့ ပြောင်းပြန်စဉ်းစားမှု
သမားရိုးကျ ရေးသားဖန်တီးခြင်းဟာ အခုခေတ်မှာ အလုပ်မဖြစ်တော့ပါဘူး။ ပုံမှန်ကနေဖောက်ထွက်ပြီး တွေးတတ်ဖို့နဲ့ ပုံမှန်အနေအထားနဲ့ဆန့်ကျင်ဖက်အတွေးအခေါ်ကိုတွေးကြည့်ပြီး အနုပညာမြောက်တဲ့ ရေးသား မှုတွေကို လေ့ကျင့်ထားကြရမှာဖြစ်ပါတယ်။
(၂) သုတေသနပြုလုပ်ခြင်း
Content Writer ပြောသမျှယုံတတ်တဲ့သူတွေဆိုတာလည်း ဒီဂျစ်တယ်လုပ်ငန်းတွေရဲ့လောက မှာ မရှိသလောက်နည်းသွားပါပြီ။ ဒီတော့ ဘယ်အရာပဲလုပ်လုပ်၊ ဘယ်လို Content ပဲ ဖန်တီးဖန်တီး အချက် အလက်နဲ့ကိုးကားသုတေသနပြုလုပ်ပြီးမှ ပြောဖို့လိုအပ်လာပါတယ်။ ကိုယ်ဖန်တီးတဲ့အရာမှန်သမျှဟာ အချက် အလက်အပေါ်အခြေခံဖို့ သုတေသနစွမ်းရည်လေးတွေ လေ့ကျင့်ကြရအောင်။
(၃) စာလုံးပေါင်းမှားနေတုန်းပဲလား
စာပေအနုပညာဟာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပါတယ်။ ဒါကိုမပျက်မယွင်းဖို့ မျိုးဆက်သစ် Content Writer တွေက ထိန်းသိမ်းကြရမှာပါ။ သဒ္ဒါအထားအသို၊ စာလုံးပေါင်းမှန်ကန်မှုတွေဟာ အခုခေတ်မှာ အရေးမကြီးဘူးလို့ထင်လိုက်ရင် သိပ်မှားသွားပါပြီ။ စာလုံးပေါင်းမှားတဲ့ Content တွေကိုလူတွေက အထင်သေး၊ အမြင်သေးတတ်လာကြတာမို့ သတိပြုစေချင်ပါတယ်။
(၄) ပုံပြောကောင်းသူဖြစ်ဖို့လိုတယ်။
Content တစ်ပုဒ်ကို ပုံပြင်တစ်ပုဒ်ပြောပြနေသလို စိတ်ဝင်စားစရာကောင်းမှ လူတွေက ဆက်ပြီးဖတ်မှာဖြစ် ပါတယ်။ ဒါကြောင့် Storytelling Techniques ကို လေ့လာထားဖို့လိုအပ်ပါတယ်။ အွန်လိုင်းသုံးတဲ့သူတွေဟာ အချိန်ကိုခွဲဝေသုံးစွဲတတ်ကြတာကြောင့် ကိုယ့် Content က ဖတ်ချင်စရာ ကောင်းမှ တစ်ပိုဒ်ပြီး တစ်ပိုဒ်ဆက်ဖတ်နေကြမှာပါ။
(၅) ပရိတ်သတ်ကိုကောင်းကောင်းသိနေဖို့
Audience Psychology ကို Content Writer တွေအနေနဲ့ သေသေချာချာသိထားဖို့လိုလာပါပြီ။ ကိုယ် ရေးတဲ့စာဟာ ဘယ်သူ့အတွက်လဲ၊ ဘယ်သူတွေကိုဖတ်စေချင်လဲဆိုတဲ့အချက်ကိုသိပြီးရေးမှ ကိုယ်ဖန် တီးတာ အရာထင်လာမှာဖြစ်ပါတယ်။ Content Calendar ဆွဲပြီး မလိုအပ်တဲ့ဖန်တီးမှုတွေကိုဖြုတ် လိုက်ပါတော့နော်။
(၆) ဒီဇိုင်းအခြေခံ
Content Writer ဟာ စာချည်းပဲရေးရတဲ့ခေတ်ကုန်သွားပါပြီ။ ဒါကြောင့် ဒီဇိုင်းအခြေခံလေးတွေကို တတ်နိုင်သလောက်လေ့လာပါ။ Canva လိုမျိုးဆော့ဖ်ဝဲတွေကို အခြေခံလောက်တော့သုံးတတ်၊ သိ ထားတတ်ဖို့လိုအပ်လာပါပြီ။ ဒါမှ ကိုယ်ဖန်တီးတဲ့ရေးသားမှုနဲ့ လိုက်ဖက်တဲ့ Visual Design ကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားတတ်လာမှာဖြစ်ပါတယ်။
(၇) ကျင့်ဝတ်
နောက်ဆုံးတစ်ချက်ကတော့ ကျင့်ဝတ်အကြောင်းပါ။ သူများ Content တွေ ပုံတူမကူးဖို့၊ သတင်းအမှားတွေမပေးဖို့၊ အလွန်အကျွံမရေးမိစေဖို့ အစရှိတဲ့ မပြောဘဲသိနေရမယ့် ယဉ်ကျေးမှု ကျင့်ဝတ်တွေကို သေသေချာချာလေးစောင့်ထိန်းဖို့လိုအပ်တယ်ဆိုတဲ့အကြောင်း မျှဝေလိုက်ပါရစေ။