ရှေးရှေးယခင်ခေတ်တွေကစလို့ Content (အလွယ်ကူဆုံးပြောရရင် ကြော်ငြာစာ) ကို Oral storytelling (နှုတ်အပြော) တွေနဲ့စတင်ခဲ့ကြပါတယ်။ အဲဒီကနေ ကျောက်တုံးပေါ်မှာစာရေးတာ၊ ပေ၊ ပရပိုက်ပေါ်မှာ ရေးသားတာတွေဖြစ်လာပါတယ်။ ဒီနောက်ပိုင်းတော့ ဘာသာရေးဆိုင်ရာအယူအဆ၊ အပြောအဟောတွေ ကို မှတ်တမ်းအဖြစ်ရေးသားပြုစုခဲ့ကြပါတယ်။
ခေတ်လယ်ပိုင်းမှာတော့ ပညာရှင်တွေဟာ ပညာရေးမှတ်တမ်းတွေမှတ်သားဖို့ စာအုပ် ကိုလက်လုပ်စာ အုပ်ပုံစံအဖြစ်ဖန်တီးခဲ့ကြပါတယ်။ ၁၅ ရာစုနဲ့ ၁၉ ရာစုကြားမှာတော့ သတင်းစာနဲ့ ပုံနှိပ်စာလုံးတွေစတင် ပေါ်ပေါက်လာခဲ့ပါပြီ။ ၁၉ ရာစုအလွန်ကလေးမှာတော့ မဂ္ဂဇင်းတွေ၊ ဝတ္ထုတွေဟာ ပေါ်ပြူလာဖြစ်လာပြီး ဖျော်ဖြေရေးအတွက်၊ သတင်းအချက်အလက်မျှဝေရေးအတွက် သုံးလာကြပါတယ်။ ၂၀ ရာစုမှာတော့ လူထုဆက်သွယ်ရေးမီဒီယာလို့ခေါ်တဲ့ Mass Media တွေ ရေပန်းစာလာပြီး ရေဒီယိုထုတ်လွှင့်မှုကို ၁၉၂၀ မှာ အစပြုကာ content format အသစ်ကလေးတွေစပြီးဖန်တီးလာကြပါတယ်။ ဒီကနေ အဆင့်တက်လို့ ဈေးကွက်မြှင့်တင်ရေး (marketing) တွေမှာ ကြော်ငြာလာတာမျိုး၊ စီးပွားရေးလုပ်ဆောင်ရာမှာ အသံ Content တွေသုံးတာမျိုးရှိလာပါတယ်။
၂၀ ရာစုနှောင်းပိုင်းမှာတော့ ကွန်ပျုတာတွေနဲ့ Content ဖန်တီးမှုပေါ်ပေါက်လာပြီး လူတွေရဲ့အတွေးအ မြင်သစ်ဖန်တီးမှုတွေဟာ ပိုမိုမြန်ဆန်တွင်ကျယ်လာပါတော့တယ်။
၁၉၉၀ နဲ့ သူ့နောက်ပိုင်းအခုအချိန်ထိမှာတော့ ဒီဂျစ်တယ်ခေတ်ကို တွင်တွင်ကျယ်ကျယ်ကြီးပြောင်းလဲခဲ့ ကြပါပြီ။ အဲဒီအခါမှာ ဝက်ဘ်ဆိုက်၊ ဘလော့ဂ်၊ အွန်လိုင်းဆောင်းပါးတွေကို Content Writer, Content Creator တွေက ခပ်စိပ်စိပ်ဖန်တီးလာကြပြီး SEO (Search Engine Optimization) အတွက် Content Writing ဟာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတော့တယ်။
၂၀၀၀ ခုနှစ်ကတော့ ဆိုရှယ်မီဒီယာခေတ်အဖြစ် အသွင်ကူးပြောင်းခဲ့ပြီး Content ဖန်တီးမှုကို အင်တာ နက်သုံးစွဲသူတော်တော်များများ ကိုယ်ပိုင်ဟန်လေးတွေနဲ့ ဖန်တီးတတ်လာခဲ့ကြပါပြီ။ အခုခေတ်ကတော့ ကိုယ်တိုင်တင်မဟုတ်တော့ပါဘူး။ AI-generated content တွေ ဗီဒီယိုတွေနဲ့ အပြိုင်ကြဲတဲ့ကာလဖြစ်နေ ပါပြီ။
ဒီတော့ အနာဂတ် Content တွေဖန်တီးဖို့ Content Writing ရဲ့ အခြေခံအချက်လေးတွေလိုပါတယ်။ ဒီဂျစ် တယ်မီဒီယာအသုံးပြုနေတဲ့သူတိုင်းနီးပါးက စာရေးတတ်ကြပါတယ်။ ဒါပေမဲ့ အကွပ်မရှိတဲ့တောင်း ပရမ်း ပတာမဖြစ်စေဖို့ Content Writing အခြေခံကို နားလည်သဘောပေါက်စေချင်ပါတယ်။ ဒါမှ ကိုယ်ရဲ့စိတ် ကူးဉာဏ်ကွန့်မြူးမှုအတွက် ခိုင်မာတဲ့လှေကားထစ်တစ်ရပ်အဖြစ်အသုံးချနိုင်မှာဖြစ်ပါတယ်။