စာရေးတတ်ရုံနဲ့ အရောင်းပို့စ်မဖြစ်သွားဘူးလို့ ကျွန်တော်တို့က ယူဆပါတယ်။ အွန်လိုင်းစီးပွားရေး လုပ်တဲ့အခါ ကိုယ့်ဖောက်သည် (Target Audience) နဲ့ ပေးချင်တဲ့ မတ်ဆေ့ချ်အပေါ် လိုက်ပြီး ပို့စ်အမျိုး အစားကို ခွဲခြားရေးသား ကြရမှာဖြစ်ပါတယ်။ (ဒီလိုရေးသားဖို့ အရည်အသွေးမြင့် Content Writer တစ်ယောက်မရှိမဖြစ်လိုအပ် ပါတယ်။)
စာရေးကောင်းတာနဲ့ Content Writer မဖြစ်နိုင်ဘူးလို့လည်းယူဆပါတယ်။ Content ကောင်းတွေဖန်တီး တဲ့အခါ ပို့စ်အမျိုးအစား (၁၀) မျိုးကို အဓိကထားပြီးရေးသားရမှာဖြစ်ပါတယ်။ ဒီနေ့တော့ (၁၀) မျိုးထဲက ပထမဆုံးတစ်မျိုးဖြစ်တဲ့ Brand awareness ပို့စ်အကြောင်းပြောပြပါရစေ။
Brand awareness ရေးသားခြင်း
ကိုယ့်ပစ္စည်း၊ ထုတ်ကုန်နဲ့ ကိုယ့်လုပ်ငန်းအကြောင်းကို အများပြည်သူက စိတ်ထဲမှာ အလွယ်တကူ မှတ် မိနေအောင်ရေးသားစေခြင်းဖြစ်ပါတယ်။ ရုပ်သံကြော်ငြာတွေမှာဆိုရင်လည်း ကိုယ့်ကုန်အမှတ်တံဆိပ်ကို အလွယ်တကူမှတ်မိနေအောင် ပြောဆိုထည့်သွင်းတတ်ကြပါတယ်။ ဉပမာ “အမေရှိရင် အီလန်ရှိတယ်” “အေရီရယ်တစ်စွန်းအစွမ်း တကယ်ကိုစွမ်းတယ်” “သမီးတို့အကြိုက် မွန်းလိုက်” စတဲ့ ကြော်ငြာတွေမှာ အလွယ်တကူမြင်နိုင်ပါတယ်။ Content တွေ ဖန်တီးရေးသားတဲ့အခါမှာလည်း ကိုယ့်ကုန်အမှတ်တံဆိပ် ကို ပို့စ်ဖတ်ရင်း မှတ်မိစေအောင်ဖန်တီးရမှာဖြစ်ပါတယ်။
အအေးဘူးလို့ပြောရင် ကျွန်တော်တို့စိတ်ထဲမှာ ပက်စီတို့ ကိုလာတို့မြင်သလိုမျိုး ကြက်ကြော်လို့ပြော လိုက်ရင် လော်တီးရီးယားတို့ ကေအက်ဖ်စီတို့မြင်နေမိတာမျိုးဟာ သူတို့ရဲ့ မာကတ်တင်းဗျုဟာမှာ Brand awareness ပို့စ်တွေအများကြီးပြုလုပ်ထားလို့လည်း အဓိကဖြစ်ပါတယ်။
ကိုယ်ရောင်းချမယ့် ကုန်ပစ္စည်းရဲ့ အားသာချက်ကဘာလဲ၊ ဘာတွေထူးခြားသလဲ ဆိုတဲ့ အဓိကအချက် (Bullet Points) ကို အရင်ချရေးလိုက်ပါ။ အဲဒီအထဲကမှ အကောင်းဆုံးသောအားသာချက်ကို ယူပြီး လူ အများအလွယ်တကူမှတ်မိအောင် စာသားတွေစဉ်းစားဖန်တီးလိုက်ပါ။ ဉပမာ “သာယာလွမ်းမော မယ့်…ထွန်းမာလာရှမ်းကော” “လင်စား ရင်မယားချိုမယ့် မိချိုမန္တလေးသရက်” “တွေးတစ်စိမ့်စိမ့် စွဲထမင်းဆိမ့်” စသည်ဖြင့် ခေါ်ဆိုရလွယ်မယ့်၊ ကိုယ့်ကုန်ပစ္စည်းနဲ့တွဲရက်မှတ်မိလွယ်မယ့် စကားလုံးလေး တွေဖန်တီးပြီးရေးသားကြည့်စေချင်ပါတယ်။
ကိုယ့်ပေ့ချ်မှာ တစ်ပတ်ကို ပို့စ် (၁၀) ခုတင်ရင် Brand awareness ပို့အမျိုးအစား (၂) ခုလောက်တော့ အနည်းဆုံးတင်သင့်ပါတယ်။