ပွင့်ပွင့်လင်းလင်းပြောရရင် Content Writing တစ်ခုတည်းနဲ့ အလုပ်မဖြစ်တော့ပါဘူး။ လုပ်ငန်းရှင်တွေက Content Writer ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အခြားပုံစံနဲ့ Content တွေကို ဖန်တီးခိုင်းတဲ့ခါမှာတော့ Content Writer တွေဟာ Content Creator အဖြစ်ကို ပုံစံပြောင်းလုပ်ကိုင်လာကြရပါတော့တယ်။
ဘာကွာခြားသလဲ
Content Writer တွေဟာအကြောင်းအရာတွေကိုရေးသားသူမျှသာဖြစ်ပါတယ်။ သူ့ရဲ့အဓိက အလုပ်တွေကတော့ စာသားအခြေခံဆောင်းပါးတွေ၊ ဘလော့ဂ်နဲ့ SEO အတွက်ရေးသားခြင်း၊ ထုတ်ကုန်နဲ့ပတ်သက်လို့ ကြော်ငြာဆောင်းပါးတွေကိုရေးသားရတာဖြစ်ပါတယ်။ စာရေးစွမ်းရည်ကောင်းပြီး SEO အခြေခံသိ၊ သုတေသနလုပ်တတ်သူတွေအနေနဲ့ Content Writer အဖြစ်အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ Content Creator ကတော့ စာရေးတဲ့အလုပ်တစ်ခုတည်းမဟုတ် တော့ပါဘူး၊ ဓါတ်ပုံရိုက်ကူးတာ၊ ဗီဒီယိုရိုက်ကူးတာမျိုးအပြင် ဒီဇိုင်းအခြေခံ၊ ဗီဒီယိုတည်းဖြတ်တာတွေကိုပါလုပ် ကိုင်ရတာဖြစ်ပါတယ်။
ဘာတွေလေ့လာရမလဲ
Content Writer ကနေ Content Creator ကိုပြောင်းလဲလုပ်ကိုင်မယ်ဆိုရင်တော့ ဒီဇိုင်းအခြေခံ၊ ဗီဒီယိုရိုက် ကူးနည်းအခြေခံ၊ ဓါတ်ပုံနဲ့ ဒီဂျစ်တယ်မာကတ်တင်းသဘောတရားတွေကိုပါလေ့လာထားသင့်ပါတယ်။ ဒီဂျစ် တယ်ခေတ်မှာ Content Creator အလုပ်အကိုင်က ပိုမိုအခွင့်အလမ်းများလာပြီး Content Writer နေရာမှာ ပဲ ရပ်တန့်နေလို့ မရတော့ဘူးဆိုတာ လက်တွေ့မြင်နေရပြီဖြစ်ပါတယ်။
ဘာအခွင့်အလမ်းတွေပိုရနိုင်သလဲ
Content Creator တွေဟာ ကုမ္ပဏီအလုပ်အပြင် ကိုယ်ပိုင်အလုပ်အနေနဲ့ပါတိုးချဲ့လုပ်ကိုင်နိုင်တဲ့အခွင့်အရေး ရှိပါတယ်။ ဉပမာအားဖြင့် ကိုယ်ပိုင် YouTube Channel ထောင်ပြီး ဗီဒီယိုတွေတင်တာ၊ ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ စိတ်ဝင်စားစရာ Infographics တွေ ဆွဲတာ စသည်ဖြင့် ဒီဂျစ်တယ်ပလက်ဖောင်းပေါ်မှာ ကိုယ့်စိတ်ကူးဉာဏ် အပေါ်လိုက်ပြီး လွှင့်မျောကွန့်မြူးနိုင်ပါတယ်ဆိုတဲ့အကြောင်းရေးသားလိုက်ပါတယ်။