Content Writer တွေဟာ လစာနည်းပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း Content Writing တစ်ခုတည်း မဟုတ်ဘဲ ဒီဇိုင်းလည်းဆွဲခိုင်း၊ Page လည်းကိုင်ခိုင်း၊ Lead Generation လည်းလုပ်ခိုင်းနဲ့ ဆယ့်နှစ်မျိုးဂျင်းသုပ် အခိုင်းခံနေရတဲ့ကာလမှာ အခြားအလုပ်အကိုင်အခွင့်အလမ်းတွေကို လက်လှမ်းမှီသလောက် ဆုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။
ဒီအလုပ်လေးတွေက Content Writer တွေအတွက် အလွယ်တကူ ကူးပြောင်းနိုင်မယ့် အသက်ဆက်အလုပ် လေးတွေဖြစ်ပါတယ်။

Facebook, Instagram, TikTok စတဲ့ Social Media Platform တွေအတွက် Content တွေကို အဓီက စီမံခန့်ခွဲရတဲ့အလုပ်ဖြစ်ပါတယ်။ ကိုယ်ဖန်တီးထားတဲ့ Content တစ်ပုဒ်ကို ဘယ်အချိန်မှာတင်သင့်သလဲ၊ ဘယ်လိုလူတွေဖတ်သလဲဆိုတာ Content Writer တွေက ကောင်းကောင်းသိပါတယ်။ ဒါကြောင့် အချိန် ခဏလောက်ပေးပြီး Social Media Management ရဲ့ လုပ်ငန်းဆောင်တာတွေကို လေ့လာထားသင့်ပါ တယ်။ အခုနောက်ပိုင်း Content Writer ဆိုပြီးခေါ်မယ့်အစား Social Media Manager / Content Strategist ဆိုပြီး ခေါ်လာတာတွေ့ရပါတယ်။ Job Scope လည်း ပိုကျယ်သွားသလို ပိုကောင်းတဲ့လစာကိုလည်းပေးလာကြတာ တွေ့ရပါတယ်။





Linkedin လိုပလက်ဖောင်းမှာ Content Writer အလုပ်အပြင် Blog Writer / Blogger ဆိုတဲ့ရာထူးတွေလည်း တွေ့လာရပါပြီ။ Blog Writer / Blogger အလုပ်ဟာ Content Writer တွေ အတွက်မခက်ခဲပါဘူး။ လုပ်ငန်း အတွက် ကြော်ငြာဆောင်းပါးတွေရေးပေးရတာမျိုး၊ ဝက်ဘ်ဆိုက်အတွက် Blog တွေရေးပေးရတာမျိုးဟာ ပုံမှန် လုပ်ငန်းတစ်ခုအတွက် Content ရေးပေးနေတာထက်စာရင် ပိုပြီး အတည်အခန့်ဆန်သလို လစာလည်းပိုကောင်း ပါတယ်။ တချို့သော Blog Writer / Blogger တွေကတော့ အပုဒ်ရေအလိုက် ယူကြပါတယ်။





ဒီလိုပြောလို့ ရုပ်ရှင်ဇာတ်ညွှန်းသမားတွေကိုဆိုလိုတာမဟုတ်ပါဘူး။ အခုနောက်ပိုင်း ဗီဒီယို Content တွေအတွက် ဇာတ်ညွှန်းရေးဆရာကို သက်သက်ခေါ်လာကြပါတယ်။ အပုဒ်ရေအလိုက်ဉာဏ်ပူဇော်ခသတ် မှတ် ကြသလို အိုင်ဒီယာကောင်းရင်ကောင်းသလို ဈေးနှုန်းလည်းမြင့်ကြပါတယ်။ ဒါကြောင့် Content Writing ထဲမှာ ပဲ ပိတ်မနေဘဲ ဇာတ်ညွှန်းရေးသားသူအဖြစ် တက်လှမ်းဖို့ အကြံပေးချင်ပါတယ်။ Pre Production, Production, Post-Production အဆင့်တွေကို နည်းနည်းလေးလေ့လာလိုက်ရင် အဆင်ပြေမှာပါ။





နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ Project Based အလုပ် တွေမှာ အတော်လေး လစာကောင်းတဲ့အလုပ်လို့ဆိုရမှာပါ။ ဘယ်ပရောဂျက်အတွက် ဘယ်လိုအကြောင်းအရာကို Content ဘယ် နှစ်ပုဒ်ဖန်တီးပေးရမယ်ဆိုတဲ့ စာချုပ်အောက် အလုပ်လုပ်ရတာမို့ စိန်ခေါ်မှုလည်းပိုများသလို စိတ်ဝင်စားစရာ လည်းကောင်းပါတယ်။ ပြီးတော့ Professional လည်းပိုဆန်ပါတယ်။ ဒါကြောင့် လက်ရှိအလုပ်မှာ Content Writer လုပ်နေတယ်ဆိုရင်တောင် Freelance Writer / Remote Content Creator ကို အချိန်ပိုင်းအနေနဲ့ ထပ်တိုးလုပ်ကြည့်စေချင်ပါတယ်။
Content Writer တွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုတိုးစေဖို့မျှော်လင့်ပါတယ်။