Content Marketing ဆိုတာဘာလဲ
—————————————
Content Marketing ဆိုတာက ကိုယ်ရေးတဲ့ Content တွေကိုဖတ်ပြီး ဝယ်သူတွေဝယ်ချင်လာတောင် ဆွဲ ဆောင်ရတာလို့အလွယ်ဆုံးပြောနိုင်မှာဖြစ်ပါတယ်။ ကိုယ်ပရိုမိုးရှင်းလုပ်ချင်တဲ့အကြောင်းအရာ (ဖန်တီးမှု) တွေကို ဆွဲဆောင်မှုရှိရှိရေးပြီး မာကတ်တင်းဆင်းတာပါပဲ။ ဒစ်ဂျစ်တယ်မာကတ်တင်းမှာ Content က အဓိကကျရုံတင်မဟုတ်ပါဘူး နေရာတိုင်း နေရာတိုင်း မှာ Content is King ပါ။ ဆိုတော့ Content Marketing မှာ Video တွေ Blogs တွေ Social Media တွေနဲ့ တွဲဖက်အသုံးပေါင်းစပ်ပါဝင်မှာ ဖြစ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင်တော့ Youtube လိုနေရာမှာ Video Content ဖန်တီးပြီးတင်တာ မျိုး၊ ကိုယ့်ဝက်ဘ်ဆိုက်မှာ ဘလော့တွေရေးတာမျိုး၊ ဖေ့စ်ဘုတ်မှာ ပို့စ်ရေးတင်တာမျိုးတွေလုပ်ပြီး မာ ကတ်တင်းဆင်းတာပါပဲ။
စာရေးတာတစ်ခုတည်းက Content Marketing ကိုဆိုလိုတာမဟုတ်ပါဘူး စာတိုလေးတွေရေးမယ်၊ ဆောင်းပါးတွေရေးမယ်၊ အချက်အလက်တွေဖော်ပြမယ်၊ ဗီဒီယိုဖိုင်တွေတင်မယ်၊ အသံဖိုင်တွေတင်မယ် အစရှိတာတွေအကုန်လုံးပါဝင်ပါတယ်။ အဲဒါတွေအားလုံးက Content idea ထုတ်ပြီးမှရလာမယ့် ထုတ် ကုန်တွေမှလား။
Content Marketing ကို ဘယ်လိုအသုံးချမလဲ
—————————————————
အဓိကတော့ ကိုယ့်ထုတ်ကုန်၊ ကိုယ့်လုပ်ငန်းကိုလူသုံးများလာစေဖို့ပါပဲ။ ဒီတော့ Content ဖန်တီးတဲ့အခါ ဘယ်လိုပရိတ်သတ်အတွက်လဲ၊ ဘယ်လိုဖန်တီးမှုတွေနဲ့ ပေါက်အောင်လုပ်မလဲ ဆိုတဲ့ target audience ကို သေသေချာချာအချိန်ပေးလုပ်ဖို့လိုပါတယ်။ ဉပမာအားဖြင့် စက်ဘီးကြော်ငြာအတွက် ဓါတ်ပုံရိုက် မယ်ဆိုပါစို့။ ကိုယ့်စက်ဘီးအမှတ်တံဆိပ်ကို အများစက်ဘီးတွေထက်ကွဲပြားအောင်ဘယ်လိုရိုက်ပြီးဖော် ပြမလဲ၊ စက်ဘီးကိုအောက်ကနေပင့်ရိုက်ပြီးအမြင်ဆန်းအောင်လုပ်မလား။ စက်ဘီးရဲ့ထူးခြားချက် Bullet point တွေကိုပဲစာရေးပြီးဖော်ပြမလား စသည်ဖြင့် အိုင်ဒီယာဖန်တီးမှုချဲ့ထွင်ရမှာဖြစ်ပါတယ်။
Content ဖန်တီးဖို့အတွက် အချိန်တစ်ခုကိုတော့ သတ်သတ်မှတ်မှတ်ပေးဖို့လိုအပ်ပါတယ်။ အထိရောက် ဆုံး Content Marketing အတွက် စနစ်တကျအချိန်ပေးဖို့လိုအပ်ပါတယ်။ အခုမြင်တွေ့နေရတဲ့ Content ဖန်တီးသူတွေက လစာသုံးလေးသိန်းနဲ့ တစ်လကို Content အခု ၄၀ တို့ ၆၀ တို့လုပ်ပေးနေရတာမျိုး၊ ဒီ ဇိုင်းဆွဲတာနဲ့ Content ရေးတာကိုတွဲလုပ်နေရတာမျိုးတွေကတော့ အတော်လေးရင်နာစရာပါပဲ။
Content ကမလိုပါဘူး Boost ရင်ပြီးရောမှလား…ဆိုသူတွေအတွက်
——————————————————————————
ဒီဂျစ်တယ်မာကတ်တာက Ads run တာ digital report ထုတ်တာမျိုးမှာကျွမ်းကျင်ပေမယ့် Content ရေး တဲ့နေရာမှာ မကျွမ်းကျင်နိုင်ပါဘူး။ (နှစ်မျိုးလုံးကျွမ်းကျင်တဲ့ဆရာကြီးတွေလည်းရှိကောင်းရှိမှာပါ) ဘယ် လောက်ပဲ Boost လုပ်လုပ် ကိုယ့် Content က ဆွဲဆောင်မှုမရှိရင် ကောင်းမနေရင် ဘယ်သူကမှ မ Share ပါဘူး။ Content ကောင်းရင် ပိုက်ဆံမကုန်ဘဲနဲ့ engagement အများကြီးတက်သွားတဲ့ post တွေကို လည်းတွေ့ရမှာပါ။ ဆိုတော့ Boost နေရုံနဲ့မပြီးပါဘူး Content အရမ်းကောင်းနေဖို့လည်းလိုအပ်ပါ တယ်လို့ဆိုချင်ပါတယ်။ Quality အဓိကပေါ့ခင်ဗျာ။
ကျေးဇူးတင်ပါတယ်နော်။