ဖန်တီးရေးအလုပ်တွေမှာ အိုင်ဒီယာငုပ်သွားတာ မဆန်းတော့ပါဘူး။ ဘယ်သူမဆို အမြဲတမ်းတော့လည်း အိုင်ဒီယာတွေ ဖလန်းဖလန်းထွက်နိုင်မှာမှ မဟုတ်တာ။
အိုင်ဒီယာခမ်းနေရင် အရမ်းအပင်ပန်းခံမနေပါနဲ။ တအားဖိအားပေးပြီး ညှစ်ထုတ်နေရင်လည်း စဉ်းစားစာ Reasoning Content တွေပဲ ရပြီး ဖန်တီးစာ Creative Content ရလာမှာ မဟုတ်လို့ပါပဲ။
ဒီလိုအခြေအနေမျိုးဆို အခုပြောတာလေးတွေ လုပ်ကြည့်တာက အလုပ်ဖြစ်နိုင်ပါတယ်။
(၁) Brainstorming လုပ်ကြည့်ပါ
ကိုယ်တစ်ယောက်တည်း ခေါင်းထဲက Content မထွက်ရင် ကိုယ်နဲ့ အပေါင်းအသင်းတွေ ၊ နယ်ပယ်တူထဲက စာရေးသူတွေနဲ့ ပေါင်းပြီး အိုင်ဒီယာရှာကြည့်ပါ။ ကိုယ့်မှာ ဆွေးနွေးမယ့် Topic နဲ့ အိုင်ဒီယာအကြမ်းထည်တော့ ထုတ်ထားရင် Brainstroming လုပ်ရတာ ပိုထိရောက်ပါတယ်။
အပြင်မှာ လူချင်းတွေ့ Brainstroming လုပ်ဖို့ မလွယ်ရင် ကိုယ်လိုမျိုး Content Writer တွေ စုဖွဲ့ထားတဲ့ Social Media Group တွေမှာ ဝင်ဆွေးနွေးတာ ၊ YouTube ပေါ်က Content အကြောင်း Sharing လုပ်တဲ့ချန်နယ်တွေမှာ ဝင်နားထောင်တာမျိုး လုပ်နိုင်ပါတယ်။ အခု ခေတ်စားနေတဲ့ ChatGPT တို့ Microsoft Copilot တို့လို AI Chatbot တွေကိုလည်း Content Generator tool အနေနဲ့ သုံးပြီး အိုင်ဒီယာထုတ်နိုင်တာပါပဲ။
(၂) Mind Mapping သုံးပြီး စဉ်းစားပါ
အိုင်ဒီယာတွေကို စိတ်မျက်လုံးထဲ ပုံပေါ်လာစေဖို့ ဒီနည်းကို အတော်များများ လုပ်ဖူးကြမှာပါ။ ကိုယ်ရေးချင်တဲ့ Subject ကို တည်ပြီး ဆက်စပ်တဲ့ Sub-Subjects တွေ ခွဲ ၊ အဲ့ဒီအောက်ကနေမှ လုပ်နည်းကိုင်နည်း Methods အသေးစိတ် ပြန်ထုတ်တာပါ။
Mind Mapping လုပ်ဖို့ စာရွက်နဲ့ ဘောပင်ရှိရင်ရပါတယ်။ မဟုတ်လည်း Whiteboard ပေါ်မှာ ရေးလို့လည်း ရတာပါပဲ။ ဥပမာ- နိုင်ငံခြား ပညာရေးအခွင့်အလမ်းအကြောင်း ရေးမယ်ဆိုပါတော့။
Main Subject နေရာမှာ “ နိုင်ငံတကာပညာရေးအခွင့်အလမ်းများ ” ကို ထားပြီး အောက်က ဘယ်သူတွေအတွက်လဲ ( Who) , ဘယ်လို အခွင့်အလမ်းတွေလဲ ( What) , ဘယ်လိုလျှောက်နိုင်လဲ ( How) စသည်ဖြင့် Sub-Subjects ခွဲပြီး ဒီအောက်ကမှ ကိုယ်ဘယ်လိုရေးမယ် ၊ ဘယ် Keywords တွေ ထည့်မယ် ၊ ဘယ်က Sources တွေ သုံးမယ် ၊ ဘယ်လိုအချက်အလက် ကိန်းဂဏန်းတွေ ပြမယ် စသည်ဖြင့် ပြန်ခွဲတာမျိုးပါ။
ဒီနည်းက အိုင်ဒီယာမြေပုံလမ်းကြောင်း ပေးလိုက်တဲ့နည်းဖြစ်ပြီး ကိုယ့် Content စဉ်းစားမှုကို အံမချော်စေဖို့နဲ့ အချက်အလက် တင်ဆက်ပုံစနစ်ကျစေဖို့ အထောက်အကူဖြစ်စေပါတယ်။
(၃) Social Media Analytics သုံးပါ
ကိုယ့်ပရိသတ်ဘာကြိုက်လဲ သိဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက Social Media Analytiucs သုံးတာပါပဲ။ Facebook Page မှာဆို ဘယ်ပို့စ်က လူကြည့်အများဆုံး/လူအကြိုက်ဆုံးလဲ သိချင်ရင် Insights သုံးပြီး ကြည့်နိုင်သလို Sprout Social ၊ Zoho Social တို့လို Analytics tools တွေ သုံးပြီးလည်း ကြည့်လို့ ရပါတယ်။
Analytics Tools တွေက ချန်နယ်ပေါင်းစုံကို Dashboard တစ်ခုတည်းကနေ ကြည့်ပြီး ဘယ်လိုပို့စ်တွေက Reach နဲ့ Engagement အများဆုံး ရောက်သလဲဆိုတာ သိနိုင်ပါတယ်။ ဒီကနေမှ Trend အလိုက် Content ဖန်တီးတာတွေ လုပ်နိုင်ပါတယ်။ ဘယ်လို Content တွေ ရေးပြီး Idea Generate လုပ်ရမလဲ ခေါင်းထဲ ပေါ်လာနိုင်ပါတယ်။
(၄) ခဏ နားလိုက်ပါ
ခေါင်းထဲ ဘာမှ မထွက်လာရင် အကောင်းဆုံးက ခဏလောက် Break Time ယူလိုက်ပါ။ အလုပ်စားပွဲကထ , ဖတ်ချင်တဲ့ စာအုပ်လေးတစ်အုပ်လောက်ဖြစ်ဖြစ် ယူလာပြီး လက်ဖက်ရည်ဆိုင်လေးဘာလေး ထွက်ထိုင်ပါ။ အဲ့ဒီအချိန် Social Media သုံးတာ ၊ ဂိမ်းဆော့တာ ၊ ဖုန်းသုံးတာပါ အဆက်ဖြတ်ထားလိုက်ပါ။
လွတ်လွတ်လပ်လပ် နားပြီး ခေါင်းထဲ ဗလာကျင်းထားကြည့်ပါ။ အိုင်ဒီယာမထွက်ဘူး ဖြစ်နေတဲ့အချိန်မှာ စိတ်ရော လူပါ ပတ်ဝန်းကျင် Atmosphere ပြောင်းပြီး အနားယူလိုက်တာက ခေါင်းထဲကို သူ့အလိုလို လတ်ဆတ်တဲ့ အိုင်ဒီယာသစ်တွေ ရလာတတ်ပါတယ်။ ကျွန်တော်ဆို စာရေးလို့ မထွက်တဲ့အခါမျိုးမှာ အတင်းတွန်း ရေးနေတာမျိုး ခဏရပ်ပြီး စိတ်ရော လူပါ နားတဲ့အကျင့် မွေးနေပါတယ်။ အတော်လည်း ထိရောက်ပါတယ်။
Content ရေးဖို့ အိုင်ဒီယာသိပ်မထွက်တော့တဲ့အခါ အခုပြောခဲ့တဲ့နည်းလေးတွေ သုံးကြည့်လိုက်ပါ။ အနည်းဆုံးတော့ အချိန်ကုန်သက်သာပြီး အိုင်ဒီယာတစ်ခုခု ထွက်လာနိုင်ပါတယ်။