Content ရေးတဲ့အခါ အချို့က Emoji မသုံးကြဘူး၊ အချို့ကတော့ စာထဲမှာပြွတ်သိပ်နေအောင် Emoji ကို ထည့် ကြပြီး အချို့ကတော့ သင့်တော်တဲ့နေရာမှာ သင့်တော်သလိုထည့်တတ်ကြပါတယ်။
ဒီ Tips လေးတွေဟာ လူကြီးမင်းရဲ့ Content Writing အတွက် Emoji သုံးသင့်မသုံးသင့်ဆိုတာကိုဆုံးဖြတ်နိုင်ပါ လိမ့်မယ်။
ဘာကြောင့် Emoji သုံးသင့်တာလဲ
စာဖတ်သူရဲ့ အာရုံစူးစိုက်မှုကို ပိုမိုဆွဲဆောင်ဖို့ဖြစ်ပါတယ်။ Emoji တစ်ခုကြောင့် ဝမ်းနည်းစရာစာသားက ဝမ်းနည်းစရာမဖြစ်တော့ပါဘူး။ ဉပမာ – “သူ,မနေ့ကဆေးရုံတက်လိုက်ရတယ်
”။ ဖတ်တဲ့သူကိုဆက် ပြီးဖတ်ချင်လာအောင်၊ စိတ်ဝင်စားအောင် Emoji က တွန်းပို့ပေးပါတယ်။

နောက်တစ်ချက်ကတော့ ခံစားချက်တွေကိုဖော်ပြဖို့ Emoji ကိုသုံးကြတာပါ။ “ကျေးဇူးတင်ပါတယ် နဲ့ကျေးဇူးတင်ပါတယ်!
” နှစ်ခုမှာ အသည်းပုံ Emoji ပါတဲ့ဟာကပိုပြီးနွေးထွေးမှုရှိသလိုခံစားရပါတယ်။

နောက်ထပ် Emoji သုံးသင့်တဲ့အချက်ကတော့ အချက်အလက်တွေ၊ မှတ်သားစရာတွေအတွက်ပါ။ ဥပမာ:
–
**အဆင့် ၁**: Research လုပ်ပါ

–
**အဆင့် ၂**: Draft ရေးပါ ဆိုတဲ့ ပုံစံတွေအတွက်ဖြစ်ပါတယ်။

ဒါကြောင့် ဆိုရှယ်မီဒီယာတွေမှာရေးတဲ့ Content တွေမှာ Emoji လေးတွေကို အလျဉ်းသင့်သလိုဖော်ပြရေး သားသင့်ပါတယ်။
ဘာကြောင့် Emoji မသုံးသင့်ဘူးလဲ
Academic Writing, Business Reports, Legal Documents အစရှိတဲ့ Professional & Formal Content တို့မှာ Emoji ကို မသုံးသင့်ပါဘူး။ ဉပမာ – “Our company’s revenue dropped by 20% this quarter.
“

နောက်တစ်ချက်ကတော့ Overuse (အလွန်အကျွံသုံးခြင်း) ဖြစ်ပါတယ်။ Emoji တွေကို အလွန်အကျွံသုံးပါက Content ဟာ လေးနက်မှု မရှိတော့ဘဲနဲ့ ကလေးဆန်သွားနိုင်ပါတယ်။ အချို့သော ပရိသတ်တွေ (ဥပမာ: အသက်ကြီးသူတွေ၊ Professional Audience တွေ) အတွက် Emoji တွေဟာ မသင့်တော်ပါဘူး။၊ ဒါကြောင့် တော်ရုံပဲထည့်သွင်းအသုံးပြုသင့်ပါတယ်။
အကြံပြုချက်
Emoji ကို လိုအပ်တဲ့အချိန်မှသာ အနှစ်သာရရှိရှိအသုံးပြုပါ။ ကိုယ့် Content ကို ဖတ်တဲ့သူတွေရဲ့ စိတ်ဝင်စားမှု ကို တွက်ဆစဉ်းစားပြီး Emoji ကိုထည့်ပါ။ Emoji တွေဟာ tool တစ်ခုပဲဖြစ်ပြီး လူကြီးမင်းရဲ့ Content အရည် အသွေးနဲ့ Message ကသာပိုပြီး အဓိကကျတယ်ဆိုတာကို ပိုမိုဂရုပြုသင့်ပါတယ်။