တောင်ကိုးရီးယားရဲ့ ဒီ Fantasy-historical-romance drama ဇာတ်ကားက ၂၀၂၅ ခုနှစ်မှာ ဘာကြောင့် အပေါက်ဆုံးစာရင်းဝင်ခဲ့ရတာလဲ၊ နိုင်ငံတကာမှာ ဘာကြောင့် လူကြည့်အများဆုံးဖြစ်ခဲ့ကြတာလဲဆိုတာကို ကျွန်တော်တို့ရဲ့ Content Marketing ရှုတောင့်ကနေ အနည်းငယ်လေးတင်ဆက်ကြည့်ချင်ပါတယ်။
ဇာတ်လမ်းရဲ့ Core Content က ဘာလဲ
ပထမဆုံးအနေနဲ့ အစားအသောက်အကြောင်းကနေစပြောကြရအောင်။ ဇာတ်လမ်းတစ်ပုဒ်မှာ Protagonist (အဓိကဇာတ်လိုက်) က လူပုဂ္ဂိုလ်ဖြစ်ကြပေမဲ့ ဒီဇာတ်လမ်းမှာတော့ အဓိက Core Content က အစားအ သောက်ဖြစ်နေပါတယ်။ အစားအသောက်ဆိုတာ လူမျိုးစုတစ်ခု၊ နိုင်ငံတစ်နိုင်ငံတည်းစိတ်ဝင်စားတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုဖြစ်နေတာက ဒီဇာတ်လမ်းရဲ့ အားလုံးစိတ်ဝင်စားတဲ့အဓိ ကသော့ချက်ဖြစ်နေတာပါပဲ။ ဆိုတော့ ခေတ်သစ်၊ ခေတ်ဟောင်း အစားအသောက်တွေ၊ ရိုးရာယဉ်ကျေးမှုတွေ ကဆင်းသက်လာတဲ့ဟင်းပွဲတွေကို ပုံမှန် Medium Shot တွေနဲ့မဟုတ်ဘဲ အနီးကပ် (close-ups) ရိုက်ပြတယ်၊ လိုတာထက်ပိုပြီးညွှန်းဆိုပြတယ်၊ ပါဝင်တဲ့ Ingredients တွေအကြောင်းကို အစားအသောက်စိတ်ဝင်စားသူတွေ စိတ်ဝင်စားအောင် ဒိုင်ယာလော့လှလှလေးတွေနဲ့ပြောပြတယ် ဆိုတဲ့အချက်တွေဟာ ဒီဇာတ်လမ်းရဲ့ အဓိကကျ တဲ့ Content တွေဖြစ်ပါတယ်။ သင်ရော ဒီဇာတ်ကားကိုကြည့်တဲ့အခါ ဇာတ်ကောင်းထက် အစားအသောက်အကြောင်းကို စိတ်ဝင်စားမှု ရာခိုင်နှုန်းဘယ်လောက်ရှိခဲ့သလဲတွေးကြည့်ရအောင်။
အများနဲ့မတူတဲ့ Visual-Storytelling တွေဘာကြောင့်သုံးတာလဲ
ဇာတ်ကားတော်တော်များများမှာမသုံးတဲ့ Visual-Storytelling တွေကို ဒီဇာတ်ကားမှာ ပလူပျံအောင်သုံးထား တာလည်း Content Marketing ပိုင်းအတော်လေး စိတ်ဝင်စားစရာကောင်းတဲ့အချက်လို့ဆိုရမှာပါ။ ဒါဟာ လူ တော်တော်များများကို စိတ်ဝင်စားအောင်ဆွဲဆောင်စေတဲ့ Hook တစ်ခုဖြစ်ပါတယ်။ ဘဲကင်ကိုစားလိုက်တဲ့အခါ ဘဲလေးကချေသည်က ဒစ်စကိုကပြတာမျိုး၊ ပန်ကိတ်ကိုစားလိုက်တဲ့အခါ ကြက်သွန်မြိတ်အပင်လေးတွေက လေထဲမှာ လွင့်ပျံနေတာမျိုး၊ ထမင်းသုပ်စားရင်းပန်းခင်းထဲ ရောက်သွားတာမျိုးတွေဟာ သိပ်ကိုဆွဲဆောင်မှုရှိတဲ့ ရုပ်ကတ်တွေဖြစ်ပါတယ်။ မလိုအပ်ဘဲ၊ အချိန်ကုန်ခံပြီးထည့်ထားတာမျိုးလို့ ကနဦးတုန်းကထင်မိပေမဲ့ ကြည့်ရင်းကြည့်ရင်းနဲ့ ဒီ Visual-Storytelling က ဒီဇာတ်ကားရဲ့အဓိက သော့ချက်ထဲကတစ်ခုဆိုတာ သိလာရပါတယ်။ သင်ရော ဒီဇာတ်ကားကြည့်တဲ့အခါ ဇာတ်ကောင်တွေ အစားအသောက်စားတိုင်းတစ်ခုခုလေပေါ်မှာဝဲပျံတော့ မယ်ဆိုပြီး တွေးပြီးသဘောကျဖူးတယ်မှလား။
ဘယ်လိုအားပြိုင်မှုတွေ တွေ့ရသလဲ
ဇာတ်ကောင်အားပြိုင်မှုကောင်းမှ ဇာတ်လမ်းကဆွဲဆောင်မှုရှိတယ်လို့သတ်မှတ်ကြပါ တယ်။ ဒီစီးရီးမှာ အားပြိုင်မှုက တစ်ခုနှစ်ခုထက်ပိုပါတယ်။ (၁) ခေတ်သစ်နဲ့ခေတ်ဟောင်း (ဂျိုးဆွန်းခေတ်) ကို ယှဉ်တွဲအား ပြိုင်ပြီးရိုက်ပြထားပါတယ်။ (၂) ဂျိုဆွန်းဘုရင်နဲ့ michelin winner ဆုရတဲ့ စားဖိုမှူးကို အားပြိုင်ထားပါတယ်။ (၃) ပြင်သစ်နဲ့ ကိုးရီးယားအစားအသောက်ကိုယှဉ်တွဲအားပြိုင်ဖော်ပြထားပါ တယ်။ (၄) ပြောင်းလဲမရတဲ့သမိုင်းနဲ့ ပြောင်းလဲကိုပြောင်းလဲရမယ်ဆိုတဲ့လူတစ်ယောက်ရဲ့စိတ်ကို ယှဉ်တွဲအားပြိုင်စေပါတယ်။ ဒါတွေဟာ ဒီဇာတ်ကားရဲ့ Tempo အမြင့်ဆုံးသော Content တွေဖြစ်ပါတယ်။
ဇာတ်ကောင်တွေရဲ့ အခန်းကဏ္ဍကအရေးပါသလား
ဒီစီးရီးကိုဘာကြောင့် ကြည့်ခဲ့တာလဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ဖူးပါသလား။ အများစုကတော့ သူများတွေကြည့်လို့၊ ပေါ်ပြူလာဖြစ်လို့ ကြည့်ရင်းကနေ ကြိုက်သွားတာလို့ပဲဖြေကြမှာပါ။ တကယ်တမ်း ဒီဇာတ်ကားရဲ့ ဇာတ်ကောင်ရွေးချယ်မှုကိုလည်းလျော့တွက်လို့မရပါဘူး။ ဈေးကွက်အခြေအနေအရ မင်းသမီးကိုရွေးချယ်တယ်။ ဒီမင်းသမီးပါရင် ဘာဇာတ်ကားဖြစ်ဖြစ်ကြည့်မယ်ဆိုတဲ့ပရိတ်သတ်တော် တော်များများလည်းရှိပြီးသားဖြစ်နေတယ်၊ မင်းသမီးကလည်း အရင်ကတည်းက ဟင်းချက်ဝါဿနာပါ သူတစ်ဦးဖြစ်ပြီး ဇာတ်ကောင်အရလည်းလိုက်ဖက်မှုရှိတယ် ဆိုတာကြောင့် ဈေးကွက်မှာတစ်ဝက်က အခြေအနေကောင်းပြီးသားလို့တွက်ဆ,ရမှာပါ။ မင်းသားရွေးချယ်မှုက အမှန်ကန်ဆုံးရွေးချယ်မှုလို့ တောင်ပြောကြပါတယ်။ အစားအသောက်တွေစားတဲ့အခါ ဇိမ်ပြေနပြေခံစားပြီးစားသောက်တဲ့ရိုက်ချက် တွေအတွက် ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းအစုံရှိတဲ့မင်းသား၊ Close up shot တွေအတွက်အဆင်ပြေတဲ့မင်း သား၊ အရသာကိုခံစားဖို့ ရိုက်ကူးပြတဲ့အခါ အနီးကပ်ရိုက်ချက်အတွက် အပြုံးချိုတဲ့မင်းသား ကိုသေချာလေးရွေးခဲ့ကြတာလို့ယူဆပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုက အတော်ကြီးကိုအောင်မြင်ခဲ့ တယ်ဆိုတာ အားလုံးအသိပါ။ ဒီတော့ ဇာတ်ကောင်တွေရဲ့ အခန်းကဏ္ဍကလည်း အဓိကအရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ချော်နားဆို အခုတစ်ကမ္ဘာလုံးက သဲသဲလှုပ်ဖြစ်နေကြပြီလေ။
ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုအရှိဆုံး Content တွေက ဘာတွေလဲ
ကျွန်တော့်အနေနဲ့ပြောရရင်တော့ ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုအရှိဆုံး Content သုံးမျိုးကိုတွေ့ရပါတယ်။ အဲဒီ သုံးမျိုးစလုံးက ဇာတ်ကောင်တွေမဟုတ်ခဲ့ပါဘူး။ ပထမဆုံးတစ်ခုကတော့ အစားအသောက်တွေ အကြောင်းကို အပိုင်းတစ်ပိုင်းချင်းစီမှာ သေသေချာချာရှင်းပြပြီးဇာတ်လမ်းနဲ့ဆက်စပ်ထားတဲ့ Content အိုင်ဒီယာဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပိုင်း ဟင်းပွဲတစ်မျိုးစီကြည့်ရပါတယ်။ ဒုတိယတစ်ခုကတော့ အချိန်ခရီးသွားခြင်းအကြောင်းကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ဒါကလည်း အခုလက်ရှိ trendy ဖြစ်နေတဲ့အကြောင်းအရာဆိုတော့ ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံးဖြစ်ရခြင်းအကြောင်းထဲကတစ်ခု ပါ။ တတိယအချက်ကတော့ Visual motion တွေသုံးထားတာဖြစ်ပါတယ်။ ဒါကတော့ အရှေ့မှာလည်း ပြောခဲ့ပြီးပါပြီ။ ဆိုတော့ဗျာ..ဒီ သုံးချက်က အခြားဇာတ်လမ်းတွေထက်ထူးခြားနေတဲ့ သူ့ရဲ့ Content အိုင်ဒီယာတွေမဟုတ်ဘူးလား။
သင်တို့ရော ဒီစီးရီးရဲ့ အဓိက Content တွေက ဘာတွေလဲဆိုတဲ့အမြင်ကို မျှဝေခဲ့နိုင်ပါတယ်။





