နိစ္စဓူဝအတွေ့အကြုံတွေကို ရေစီးတစ်ခုလို့ မြင်ယောင်ကြည့်ပါ။
ဒီရေစီးထဲမှာ အမှိုက်တွေပါသလို ဝန်တင်လှေတွေလည်း ပါပါမယ်။ ရေစီးထဲ မျောသွားတိုင်း အမှိုက်မဟုတ်ပေမယ့် သေချာတာကတော့ အမှိုက်တွေဟာ ရေစီးကို ဆန်မတက်နိုင်တာပါ။
(၁) Evergreen Content ဆိုတာ ဘာလဲ?
Content ဖန်တီးမှု ဖြစ်စဉ်မှာ ရေစီးအတိုင်း အလိုက်သင့်လိုက်ပါရတာ ရှိသလို ရေဆန်ကို တက်ပြီး မှတ်တိုင်တစ်ခုလို ချန်ရစ်ရမယ့် လက်ရာတွေလည်း လိုပါတယ်။ တစ်ခါသုံး Content မဟုတ်ဘဲ ရေရှည်တန်ဖိုးတက်နေမယ့် Content အမျိုးအစားပါ။ ဒါကို Evergreen Content လို့ ဆိုကြပါတယ်။
ဥပမာ – မြေကွက်ဝယ်မမှားအောင် စစ်ဆေးရမယ့် အဆင့် ၅ ဆင့် ၊ ဖုန်းထဲက ဖျက်မိသွားတဲ့ ဓါတ်ပုံတွေ ဘယ်လို ယူကြမလဲ ၊ ကိုယ်ပိုင်လုပ်ငန်းထောင်ဖို့ လုပ်ဆောင်ရမယ့် အချက် ၁၀ ချက် ၊ အင်ပြင်ထခြင်းကို အမြန်သက်သာစေမယ့် နည်းလမ်း ၄ သွယ် …
(၂) ဘာလို့ ဖန်တီးသင့်တာလဲ ?
Content Marketing ဘက်မှာ Evergreen Content တွေ ဖန်တီးဖို့ space တစ်ခုတော့ ထားကြပါတယ်။ Evergreen Content တွေ ဘာကြောင့်ဖန်တီးသင့်သလဲလို့ မေးလာရင် အကြောင်းပြချက်က ရှင်းပါတယ်။
နံပါတ်တစ်က ရေရှည်တန်ဖိုး (long-term value) တစ်ခု ပေးနိုင်လို့ပါ။ အောင်မြင်တဲ့ Evergreen content တစ်ပုဒ်က နှစ်တွေအများကြီး ကြာတာတောင် Traffic သယ်နိုင်ပါတယ်။ ရိုးမသွားတဲ့ အကြောင်းတရားတွေက အမွေအနှစ်တစ်ခုလိုပါ လက်ဆင့်ကမ်းနိုင်လို့ပါ။
ဒုတိယတစ်ကြောင်းက Shareable ဖြစ်တာပါ။ လူတွေရဲ့ ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်တဲ့ Content တစ်ပုဒ်က အင်တာနက်ပေါ်မှာ ပန်းသတင်းလေညင်းဆောင်ဖို့ မခက်ပါဘူး။ Valuable Content တစ်ပုဒ်ဟာ အင်တာနက် search engines တွေပေါ်မှာ ရေရှည်နေရာရပါတယ်။
တတိယအချက်က SEO ကောင်းတာပါ။ Evergreen Content တစ်ပုဒ်က ရာသီပေါ် Content တွေထက် အင်တာနက်ပေါ် ranking ထိန်းနိုင်ပါတယ်။ တော်ရုံနဲ့ outdated ဖြစ်မသွားပါဘူး။
(၃) Evergreen Content ဘယ်လို ဖန်တီးမလဲ ?
ဒီလို အမြဲလတ်ဆတ်နေမယ့် Evergreen Content တွေ ဖန်တီးမယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေ ပြောချင်ပါတယ်။
Topic ရွေးပါ။
အပြုသဘောဆောင်ပြီး လူတွေအတွက် အကျိုးများမယ့် အကြောင်းအရာတစ်ခုကို research ကောင်းကောင်းနဲ့ လေ့လာဖို့ပါ။ Content ဖန်တီးမှုရဲ့ DNA ဖြစ်တဲ့ ကိုယ့်ပရိသတ် နဲ့ စိတ်ဝင်စားမှု နယ်ပယ်ကို သုံးသပ်ပြီး ဘယ်အကြောင်းအရာကို ဖန်တီးမလဲ စဉ်းစားလို့ ရပါတယ်။
Tools အနေနဲ့ဆို Google Trends သုံးပြီး လူတွေ ဘာစိတ်ဝင်စားနေလဲဆိုတာ ကြည့်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း လက်ရှိ လူတွေ ကြုံနေတဲ့ အခက်အခဲ နဲ့ ဒါကို ဘယ်လိုကျော်လွှားနိုင်မလဲ ဆိုတာတွေ အွန်လိုင်း Offline စပ်စုပြီး Topic ရှာလို့ရပါတယ်။
Keywords Research လုပ်ပါ
Topic ရလာပြီဆိုရင် SEO အတွက် ဘယ်လို Keywords တွေ သုံးရမလဲဆိုတာကို Keywords tools တွေနဲ့ research လုပ်လို့ ရပါတယ်။ ကိုယ်ထုတ်မယ့် Content အတွက် ဘယ်လို Keywords တွေက Search Volume မြင့်လဲ လေ့လာပြီး ဖန်တီးရမှာပါ။
Value တစ်ခု ပါပါစေ
Evergreen Content ရဲ့ ရည်ရွယ်ချက်က ဘယ်အချိန်ဖြစ်ဖြစ် အသုံးဝင်တဲ့ Content ဖြစ်နေဖို့ပါ။ လူတွေအတွက် လက်တွေ့တန်ဖိုးရှိတဲ့ Content တစ်ပုဒ်ဖြစ်ရမယ်ဆိုတဲ့ Audience-Focused ထားပြီး သူတို့သိချင်တဲ့ မေးခွန်းတွေ ၊ ကြုံနေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်မယ့် Content ထုတ်လိုက်ပါ။
Evergreen Content တွေက ပုံစံအမျိုးမျိုးနဲ့ ဖန်တီးနိုင်ပါတယ်။ လမ်းညွှန် guide လုပ်တဲ့ Blog post ပုံစံနဲ့ ထုတ်နိုင်သလို သိသင့်တဲ့အချက်တွေ ဆွဲထုတ်ပြီး Listicles/Checklists ပုံစံနဲ့လည်း ထုတ်နိုင်တာပါပဲ။ Infographics အနေနဲ့ ဖန်တီးနိုင်သလို ဗွီဒီယိုတွေ ၊ podcast တွေအနေနဲ့လည်း ထုတ်လို့ ရပါတယ်။
အပေါ်မှာ ပြောခဲ့သလို အမြဲလတ်ဆတ် အသုံးဝင်နေဖို့တော့ အားထုတ်ရမှာပါ။ လိုအပ်ရင် ကိုယ့် Content ကို ခေတ်နဲ့အညီ ဆန်းသစ်အောင်ပြန် Update လုပ်ရပါမယ်။ ဒါဆိုရင်တော့ Organic Traffic တွေကို ဆွဲဆောင်နိုင်ပြီး မရိုးအီတဲ့ Evergreen Content တွေ ထွက်လာမှာ အမှန်ပါပဲ။





