ဒီလိုဇာတ်ဝင်ခန်းတွေကို သိရင် သင်ဟာ မြန်မာဇာတ်လမ်းတွေရဲ့ Big Fan ဖြစ်ပါတယ်။ ဒီအထဲက ဘယ်နှစ်ခုများ သိသလဲ ဆိုတာ ဒါလေးတွေဖတ်ပြီး ဆန်းစစ် ကြည့်ရအောင်။
ယောင်ကုန်ပြီ
တစ်ယောက်ယောက်က တစ်ခုခုကိုပြောရင် နောက်တစ်ယောက်က သံယောင်လိုက်ပြီးပြောတဲ့ဒိုင်ယာလော့ခ် ပုံစံဖြစ်ပါတယ်။ ဉပမာ “အော်…အချိန်တန်အရွယ်ရောက်လို့ သီးချင်တန်သီး၊ ပွင့်ချိန်တန်ပွင့်…”လို့ ဇာတ်ကောင် တစ်ယောက်ကပြောနေဆဲစကားမပြတ်ခင်မှာနောက်တစ်ယောက်က “ပွင့်ပြီးရင်..အာတယ်လေ အဒေါ်” လို့ စကား ကိုဖြတ်ပြောလိုက်တယ်ဆိုပါစို့။ အဲဒီမှာ ပထမတစ်ယောက်က “အေး..အာချိန်တန်အာ..အာပြီးရင်တော့ ကြွေကျ…အဲ…နင်ဘာတွေပြောနေတာလဲ..ငါဒီမှာယောင်ကုန်ပြီ” ဆိုပြီး ပြောကြတဲ့ ဒိုင်ယာလော့ခ်ဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးကို ဇာတ်ကားတော်တော်များများမှာတွေ့ဖူးလား။
ပြည်သူ့ရဲတွေဝိုင်းထားပြီ
ဇာတ်လမ်းရဲ့နောက်ဆုံးခန်းမှာ ကိုကိုရော်ကဲတွေရောက်လာပြီး “မင်းတို့အားလုံး လက်နက်ချကြစမ်း၊ ပြည်သူ့ရဲ တွေဝိုင်းထားပြီး၊ အေးဆေးအဖော်ကမ်းခံပါ” ဆိုပြီးပြောတဲ့ဇာတ်ဝင်ခန်းကော ဘယ်နှစ်ကားကြည့်ဖူးသလဲစဉ်း စားကြည့်ရအောင်လေ။ ကျွန်တော်ကတော့ အနည်းဆုံး ဆယ်ကားအထက်ပဲ။
လုံးရာကနေပြား၊ ပြားရာကနေလုံး
တစ်ကားလုံး အချော်တကောက်ဖြစ်လာပြီးမှ မင်းသမီးကိုတွေ့ပြီး ဇာတ်လမ်းပြီးခါနီးမှာ ပြန်ကျားသွားတာမျိုး၊ တစ်သက်လုံး ယောင်္ကျားစိတ်ပေါက်နေရာက နေ မင်းသားရဲ့ဖြောင်းဖျမှုကြေင့် လုံးဝမိန်းမသားဆန်သွားတာမျိုးတွေဟာ မြန်မာဇာတ်ဝင်ခန်းတွေမှာပဲ တွေ့ရ တာများပါတယ်။
မင်းနှမနဲ့ စကားပြောလိုက်ပါဦးကွယ်
“မောင်လူအေးရေ..မင်းနှမနဲ့စကားပြောလိုက်ပါဦးကွယ်၊ အန်ကယ်လ်တို့အပြင်သွားဦးမယ်” ဆိုတဲ့ ဒိုင်ယာလော့ခ် မျိုးကြားဖူးရင် သင်အသက် ၃၀ ကျော်နေပါပြီ။ ဒါ ကိုယ်တွေ ငယ်ငယ်တုန်းကကြည့်နေကျ ဇာတ်ကားတွေထဲမှာ အများဆုံးပါတယ်လေ။
ရွာထဲကိုဂျပန်တွေဝင်လာပြီ
သီဟတင်စိုး၊ နေထူးနိုင် ဇာတ်ကားတွေနဲ့ ကြီးပြင်းလာသူတွေဆိုရင် “ရွာထဲကို ဂျပန်တွေဝင်လာပြီ” ဆိုတဲ့စ ကားကို ရင်းနှီးကြမှာပါ။ ငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာ ပြေးတမ်းလိုက်တမ်းကစားရင်တောင် ရွာထဲကို ဂျပန်တွေဝင်လာပြီ ပြေးကြဟေ့ လို့ အော်ပြီးဆော့ကြတယ်လို့တော့ဝန်ခံလိုက်။
ရှင်ကျွန်မကို မယုတ်မာနဲ့နော်
ဗီလိန်တွေရဲ့ အခန်းကဏ္ဍမှာဆိုရင် ဒီစကားလုံးက အများအမှတ်မိဆုံးစကားလုံးဖြစ်မှာပါ။ မင်းသမီးကို ဗီလိန်က မတော်မတရားပြုမူတဲ့အခန်း၊ ဂျပန်တွေရွာထဲဝင်လာပြီးမိန်းမပျိုတွေကိုဖျက်ဆီးတဲ့အခန်းတွေမှာ အများဆုံး ပြောတဲ့ ဒိုင်ယာလောခ့်ဖြစ်ပါတယ်။ “ရှင် ..ရှင်ရှေ့တိုးမလာနဲ့၊ ရှင်ကျွန်မကိုမယုတ်မာနဲ့နော်”။
ရော့ဒီမှာသိန်းငါးရာ…ငါ့သားနဲ့လာမပတ်သက်နဲ့
မင်းသားအမေတွေရဲ့ဇာတ်ကားထဲက ပြောနေကျစကားတစ်ခွန်းဆိုရင်တော့ “ရော့ ..ဒီပိုက်ဆံယူ..ငါ့သားနဲ့လာမ ပတ်သက်နဲ့” ဆိုတဲ့စကားပါပဲ။ အဲဒီလိုစကားပြောတဲ့ဇာတ်ဝင်ခန်းပါတဲ့ဇာတ်ကား ဘယ်နှစ်ကားလောက်များ ကြည့်ဖူးကြသလဲ စဉ်းစားကြည့်ရအောင်လေ။
သွား….လူဆိုး
မင်းသမီးက မင်းသားရဲ့ရင်ဘတ်ကလေးကို လက်သီးဆုပ်ကလေးနဲ့ဖွဖွလေးထုပြီး “သွား..လူဆိုး” ဆိုတဲ့ ဒိုင်ယာ လော့ခ်ပါတဲ့ဇာတ်ကားကရော ဘယ်နှစ်ကားလောက်များကြည့်ဖူးပါသလဲ။ ဒီဇာတ်ဝင်ခန်းက ရိုးပေမဲ့ အမြဲတမ်း ပြုံးမိနေတယ်မဟုတ်ဘူးလား။
မသော်ကေခင် စကားတွေအများကြီးပြော
ဇာတ်ကားတစ်ကားလုံးစကားကိုလေးလုံးကွဲအောင်မပြောခဲ့ပေမဲ့ ဇာတ်လမ်းအပြီးသော်ကေခါနီးဆို စကားတွေ အများကြီးပြောတဲ့ဇာတ်ကောင်တွေကိုတွေ့ဖူးပါသလား။ “ငါ့…ငါ့ ကို ခွင့်..လွှတ်ပါကွာ…”အစချီပြီး ဇာတ်လမ်း တစ်ခုလုံးကို ပြောချင်ရာတောက်လျှောက်ပြောပြီးမှ သော်ကေသွားတဲ့ဇာတ်ကောင်ဘယ်နှစ်ယောက်လောက်များ ကြည့်ဖူးကြပါသလဲတွေးကြည့်ရအောင်လေ။
အခြား မှတ်မိတဲ့ ဒိုင်ယာလော့ခ်တွေ၊ ဇာတ်ဝင်ခန်းတွေရှိရင်လည်းပြောခဲ့ကြပါဦးလို့။





