နှစ်ကုန်တော့မှာမို့ ရေးစရာလည်းမကုန်ပါနဲ့ဦး။ နိုဝင်ဘာမှာ ရေးစရာမရှိရင် အခုလိုလေးစဉ်းစားကြည့်ကြရအောင်။
(၁) တန်ဆောင်တိုင်ပိတ်ရက်ဆုတောင်း
ဒါက သမားရိုးကျပို့စ်ဖြစ်ပါတယ်။ ဆုတောင်းစကားလေးနဲ့ တန်ဆောင်တိုင်ပိတ်ရက်မှာနားနားနေနေ အားမွေးဖို့ အဆိုပြုတဲ့ Content လေးတစ်ခုတော့ ဖန်တီးသင့်တယ်မဟုတ်လား။ ဒါပေမဲ့ သူများနဲ့မတူတဲ့ အများသူငှာ Share လို့ကောင်းမယ့် ကဗျာလေး၊ စာလေးတွေကို ဒီဇိုင်းလှလှလေးနဲ့တွဲဖက်လိုက်ရင်ပိုအဆင်ပြေမှာပါ။
(၂) ပရိုမိုးရှင်း
ဒီကာလပရိုမိုးရှင်မပေးရင် ဘယ်အချိန်ပေးကြမလဲ။ ဝန်ဆောင်မှု၊ ထုတ်ကုန်စသည်ဖြင့် ကိုယ့်လုပ်ငန်းရဲ့ ရောင်းကုန်ကို ထိုက်သင့်တဲ့ပရိုမိုးရှင်းတစ်ခုပေးသင့်တဲ့အချိန်ကောင်းဖြစ်ပါတယ်။ တန်ဆောင်တိုင်အထူးပရို မိုးရှင်းကတော့နှစ်စဉ်လုပ်သင့်တဲ့အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။
(၃) ယဉ်ကျေးမှုဆိုင်ရာ Content
မြန်မာ့ရိုးရာအစဉ်အလာအရ လူကြီးမိဘတွေကို ကန်တော့လေ့ရှိကြတဲ့ ရာသီမို့လို့ Knowledge Sharing ပုံစံလေးတွေဖြစ်တဲ့ ရှိခိုးကန်တော့ခြင်းအလေ့အထဆင်းသက်လာပုံ၊ လူကြီးမိဘတွေကိုကန်တော့သင့်တဲ့ ပစ္စည်းတွေအကြောင်း၊ ကျေးဇူးတင်ခြင်း ဆုတောင်းခြင်းတွေရဲ့အကျိုး စတာလေးတွေကို ချစ်စဖွယ်အရေးအသား လေးတွေနဲ့တင်ဆက်သင့်တဲ့လဖြစ်ပါတယ်။
(၄) ဆောင်းရာသီဆိုင်ရာ Content များ
ဆောင်းတွင်းဝင်ချိန်ဖြစ်တာကြောင့် ဆောင်းရာသီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးသားနိုင်ပါတယ်။ ဉပမာအားဖြင့် – ဆောင်းအစားအစာများ: နွေးနွေးထွေးထွေးစားသောက်နိုင်မယ့် ဟင်းချက်နည်းများ။ အိမ်တွင်းအလှဆင်ခြင်း: ဆောင်းရာသီပုံစံ အိမ်တွင်းအလှဆင်နည်းများ။ ဆောင်းရာသီ ကျန်းမာရေး: အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ကာကွယ်နည်းများ။ ဆောင်းရာသီ အင်္ကျီလက်ရှည်၊ အနွေးထည် ဝတ်ဆင်နည်းများ (Styling Tips)
(၅) ရောင်းအားတက်မယ့် Content များ (Black Friday & Cyber Monday)
နိုဝင်ဘာလဆိုတာ Black Friday (နိုဝင်ဘာ စတုတ္ထကြာသပတေးနေ့) နဲ့ Cyber Monday (ဒီကနေ့ပြီးတဲ့ တနင်္လာနေ့) တို့ရဲ့ လဖြစ်ပါတယ်။ အရောင်းလျှော့စျေးကြေငြာများ: သင့်ထုတ်ကုန် (သို့) ဝန်ဆောင်မှုအတွက် အထူးအရောင်းပရိုမိုးရှင်းများ ပြုလုပ်ပါ။ ဝယ်ယူသူတွေအတွက် အကြံပေးချက်မျာ: Black Friday Sale မှာ ဘယ်လိုဝယ်ယူချွေတာမလဲဆိုတဲ့ ဗျူဟာ။ အကောင်းဆုံး Deal တွေစာရင်း: သင့်လုပ်ငန်းနယ်ပယ်အလိုက် အကောင်းဆုံး အရောင်းလျှော့စျေးများကို စုစည်းဖော်ပြခြင်း။
(၆) ပရိသတ်နဲ့ ထိတွေ့ဆက်ဆံရေး Content များ
“နှစ်ကုန်ရင် ဘာတွေလုပ်ဖို့ရှိလဲ?” “ကျေးဇူးအရှိဆုံးလူက ဘယ်သူလဲ?” စသဖြင့် မေးခွန်းလေးတွေနဲ့ နှစ်သစ် ကို ကြိုတင်အစီအစဉ်လေးတွေချမှတ်ဖို့ မေးကြည့်ပါ။ ပြီးတော့ ပရိသတ်တွေရဲ့ နှစ်ကုန်ပွဲတွေအတွက် စိတ်ကြိုက်ပစ္စည်းတွေ၊ လိုချင်တာတွေကို စစ်တမ်းကောက်မယ့် Content လေးတွေ၊ User-Generated Content တွေဖြစ်တဲ့ ပရိသတ်တွေရဲ့ ကျေးဇူးတင်လွှာ စကားလုံးများ၊ ဓာတ်ပုံများကို စုစည်းပြသပေးခြင်းတွေ ကို တင်ဆက်သင့်တဲ့အချိန်ဖြစ်တယ်လို့ မျှဝေလိုက်ပါတယ်။





