Content Writer ရှာတဲ့ လုပ်ငန်းရှင်တွေအတွက်ရည်ရွယ်ပါတယ်။
ပထမဆုံးကတော့ ကိုယ့်အလုပ်ငန်းအမျိုးအစားနဲ့သင့်တော်တဲ့ Content Writer ရဲ့ ကျွမ်းကျင်မှုနဲ့အတွေ့အကြုံကိုသိဖို့လိုပါတယ်။ Content Writer ပုံစံအမျိုးမျိုးရှိပါတယ်။ တစ်ချို့က နည်းပညာအကြောင်းရေးသားရာမှာကျွမ်းကျင်ပါ တယ်၊ တစ်ချို့ကတော့ အလှကုန်အကြောင်းကိုပဲရွေးချယ်ရေးသားပါတယ်၊ တစ်ချို့ကတော့ ပညာရေးဆိုင်ရာ Content တွေကို အဓိကရေးသားပါတယ်။ Content Writer လို့ ခေါင်းစဉ်တပ်လိုက်တာနဲ့ ပညာရပ်အားလုံးကိုကျွမ်းကျွမ်း ကျင်ကျင်ရေးနေတဲ့သူရှားပါတယ်။ (ကျွမ်းကျွမ်းကျင်ကျင်လို့ပြောတာပါ။) ကိုယ်အလုပ်ခန့်မယ့် Content Writer ရဲ့ Portfolio ကိုကြည့်ဖို့လိုအပ်သလိုသူ့ရဲ့ Specialty ကိုလည်းသိဖို့လိုအပ်ပါတယ်။
ဒုတိယအချက်က ကိုယ်ဘာလိုချင်သလဲသိဖို့လိုအပ်ပါတယ်။ လုပ်ငန်းရှင်တွေဟာ Content Writer ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစုံသုပ်ခိုင်းတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကဘာခိုင်းချင်တာလဲဆိုတဲ့ JD အတိအကျကိုထုတ်ပေးဖို့လိုပါတယ်။ Job Description ကို ပြတ်ပြတ်သားသားသိမှ အလုပ်လျှောက်မယ့် Content Writer ကလည်း သူလုပ်နိုင်မလုပ်နိုင်ဆုံးဖြတ်နိုင်မှာပါ။ Content ရေးတဲ့အပြင် ဒီဇိုင်းပါဆွဲခိုင်း ချင်တယ်၊ ဗီဒီယိုတွေပါတည်းဖြတ်ခိုင်းချင်တယ်ဆိုရင်လည်း JD မှာသာတစ်ခါတည်းထည့်ထားလိုက်ပါ။ လုပ်နိုင်တဲ့သူ၊ လုပ်တတ်တဲ့သူ လျှောက်ပါလိမ့်မယ်။ (JD ဆိုတဲ့နေရာမှာ တစ်ပတ်ကိုဘယ်နှစ်ပုဒ်၊ စာလုံးရေဘယ်လောက် ဆိုတာမျိုးတိတိကျကျပါရင်ပိုကောင်းပါတယ်၊ လုပ်ငန်းရှင်တွေကမသတ်မှတ် တတ်ရင်လည်း Content Writer ကို သတ်မှတ်ခိုင်းလို့ရပါတယ်။)
တတိယအချက်ကတော့ လုပ်ငန်းရဲ့လိုအပ်ချက်အခြေအနေကို အမှန်အတိုင်းချပြထားဖို့လိုအပ်ပါတယ်။ JD မှာမပါတဲ့အချက်တွေကိုဆိုလိုတာပါ။ ဉပမာ Content တစ်ပုဒ်ကိုရေးပြီးရင် ဘယ်နှစ်ခါပြင်မယ်၊ ဘယ်သူတွေက ဆုံးဖြတ်ပေးမယ်ဆိုတဲ့ကိစ္စတွေက အတော်လေးစကားပြောရပါတယ်။ Content Writer ရဲ့ Professional ကို အခြားနားမလည်တဲ့သူတွေက ဝင်ဆုံးဖြတ်ပေးမယ့်ကိစ္စကို ဘယ် Content Writer ကမှ လက်ခံချင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ လုပ်ငန်းလိုအပ်ချက်အရလုပ်ရမယ်ဆိုရင် ပွင့်ပွင့်လင်းလင်းတိုင် ပင်ထားတာအကောင်းဆုံးပါ။
စတုတ္ထအချက်ကတော့ လုပ်ငန်းရှင်နဲ့ Content Writer ကြားမှာ အလုပ်မလုပ်ခင်ကတည်းက ယုံကြည် မှုတည်ဆောက်ဖို့အချက်ဖြစ်ပါတယ်။ လုပ်ငန်းရှင်ဖက်က လောဘမကြီးဖို့လိုအပ်သလို Content Writer ဖက်ကလည်းလုပ်နိုင်တာကို အမှန်အတိုင်းချပြဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံက SME လုပ်ငန်းတွေနဲ့ Content Writer တွေကြားမှာ ဖြစ်နေတဲ့စိန်ခေါ်မှုက အလုပ်ဝန်ပိနေတဲ့ကိစ္စဖြစ်ပါတယ်။ Content Writer ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဗီဒီယိုတည်းဖြတ်၊ ဗီဒီယိုရိုက်ကူး၊ ဒီဇိုင်းဆွဲ၊ Page ကိုကိုင်၊ Messenger Reply ဖြေ စသည်ဖြင့် အကုန်လုံးကို သိမ်းကျုံးဆွဲထည့်လိုက်ကြတာဖြစ်ပါတယ်။ ဒါကို ရှင်းရှင်းလင်းလင်း ပြောပြီး နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်သင့်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ လစာကိစ္စဖြစ်ပါတယ်။ Content Writer တွေကို လုပ်ငန်းရှင်တွေက ထိုက်သင့်တဲ့လစာကောင်းမပေးဘဲ အလုပ်ကျတော့ ပေါင်းစုံခိုင်းတဲ့ကိစ္စရပ်မျိုးတွေ တော်တော်များများတွေ့ နေရပါတယ်။ နှစ်ဦးနှစ်ဖက်ပြတ်သားဖို့လိုပါတယ်။ အလုပ်အပ်သူက များများခိုင်းရင် ထိုက်သင့်တဲ့နှုန်း ထားကိုပေးရမှာဖြစ်ပြီး အလုပ်လက်ခံသူက ကိုယ်ရသင့်တဲ့ ကိုယ်တန်ဖိုးကို သတ်မှတ်ထားဖို့လိုအပ်ပါ တယ်။ SEO, Digital Marketing သဘောတရားတွေကိုနားမလည်ဘဲ စာလေးရေးတတ်ရုံနဲ့ Content Writer အဖြစ်ကိုယ့်ကိုယ်ကိုယ် ခံယူပြီး လုပ်ခလစာနည်းနည်းနဲ့ အလုပ်လုပ်ပေးနေသူတွေရှိနေလို့ဖြစ်ပါတယ်။ ထိုက်သင့်တဲ့အရည်အချင်း၊ ထိုက်သင့်တဲ့လုပ်ခလစာတွေကို ရှင်းလင်းပြတ်သားနိုင်မှာသာ နှစ်ဦးနှစ်ဖက် အဆင်ပြေမှာဖြစ်ပါကြောင်း တင်ပြချင်ပါတယ်။





