အားလုံးသိတဲ့အတိုင်း “မောင်ရင်မောင် မမယ်မ” ဆိုတာ ၁၉၀၀ ခုနှစ်ဝန်းကျင်လောက်ကတည်းက ထုတ်ဝေခဲ့တဲ့ ပထမဆုံးခေတ်ပေါ် မြန်မာဝတ္ထု ပဲဖြစ်ပါတယ်။
ပြင်သစ်ဝတ္ထုကနေ အဓိကကျောရိုးအခန်းအနည်းငယ်ကို မှီးပြီးတော့ မြန်မာ့ဓလေ့နဲ့ ကိုက်ညီအောင်ရေးသားထားတဲ့ ဝတ္ထုဆိုပေမဲ့လို့ အခုနောက်ပိုင်းကာလပေါ်ဝတ္ထုတော်တော်များများရဲ့ဇာတ်လမ်းဟာလည်း မောင်ရင်မောင် မမယ်မ ဇာတ်လမ်းဇာတ်အိမ်ဇာတ်ကွက်ကလေးတွေနဲ့ ခပ်ဆင်ဆင်လေးတွေဖြစ်နေ ပါတယ်။ ဉပမာ – ဗီလိန်တွေအကျင့်တဆုံးယုတ်ပြီးအဆုံးကျမှနောင်တရတာမျိုး၊ ဆိုင်သူရှိနေတာသိရက်နဲ့ဇွတ်တိုးချင်တာမျိုး၊ ကိုယ့်ကိုချစ်တဲ့သူနှစ်ဦးကြားမှာဗျာများရတာမျိုး၊ အရာရာ တိုင်းကိုငွေနဲ့ဖြေရှင်းရင်ရတယ်ဆိုတဲ့အိုင်ဒီယာမျိုး စသည်ဖြင့်အများကြီးပါပဲ။
Mr Content အနေနဲ့ကတော့ “မောင်ရင်မောင် မမယ်မ” ကို Content Writing ရှုတောင့်ကနေကြည့်ပြီး ဘာတွေရနိုင်မလဲဆိုတာ သုံးသပ်ချင်ပါတယ်။
ခေါင်းစဉ်ပေးနည်း
Content တစ်ပုဒ်ရေးတဲ့အခါ အဓိကအကျဆုံးက ခေါင်းစဉ်ဖြစ်ပါတယ်။ ခေါင်းစဉ်ဟာ စာတစ်ပုဒ်လုံးကို ခြုံငုံသုံးသပ်တဲ့အကြောင်းအရာဖြစ်ဖို့လိုသလို လိုတိုရှင်းလည်းဖြစ်ရပါမယ်၊ ပြီးတော့ ဖတ်မိသူကို နှစ်စက္ကန့်အတွင်းဆွဲဆောင်နိုင်တဲ့ခေါင်းစဉ်လည်းဖြစ်ဖို့လိုပါတယ်။ “မောင်ရင်မောင် မမယ်မ” ဆိုတဲ့ ခေါင်းစဉ်ကိုဖတ်ကြည့်ပါ။ လုံးဝ Catchy ဖြစ်ပြီး ဒီစာအုပ်မှာ လူနှစ်ယောက်အကြောင်းကို အဓိကဖတ်ရ မယ်ဆိုတဲ့ Message ကိုလည်း တစ်ပါတည်းရပါတယ်။ ကာရန်နဘေမထပ်သော်ငြား ခေါ်လို့ကောင်းတဲ့ နာမည်၊ နားထဲစွဲတဲ့နာမည်ကလေးကို စာရေးသူကပေးထားတာမို့ ဒီလိုခေါင်းစဉ်ပေးနည်းမျိုးကို Content Writing မှာ နည်းနာယူသင့်တယ်လို့ယူဆပါတယ်။
Content Writer တွေ အတုယူရမယ့် Presentation
ဝတ္ထု၊ ရုပ်ရှင်တွေက အချိန်တစ်ခုကိုပေးပြီး တကူးတကဖတ်ရ၊ ကြည့်ရတဲ့အရာဖြစ်ပါတယ်။ Content တွေက ကျတော့ ရုတ်တရက် ဖုန်း Screen ပေါ်မှာ ပေါ်လာတာကို See more နှိပ်ပြီးဖတ်ချင်လာအောင် ဆွဲ ဆောင်ရတာဖြစ်ပါတယ်။ ဆိုလိုချင်တာက စာတစ်ကြောင်းပြီးလို့နောက်တစ်ကြောင်းကိုဖတ်ချင်လာ အောင် Content Writing နဲ့ဆွဲဆောင်ရမှာဖြစ်ပါတယ်။ “မောင်ရင်မောင် မမယ်မ” ကို မဖတ်ရသေးရင် ဖတ်ကြည့်ပါ။ ဇာတ်လမ်းကရိုးရှင်းတယ်ဆိုပေမယ့် တစ်ခန်းပြီးနောက်တစ်ခန်းဘာဆက်ဖြစ်မလဲဆိုတာ ကို သေသေသပ်သပ်ကလေးတင်ဆက်ထားတာတွေ့ရမှာပါ။ ဒီလို Presentation စတိုင်ကို Content Writing မှာ ရေးနိုင်ရင်တော့ တကယ့် စူပါပါပဲ။
စကားလုံးကျစ်လျစ်မှု
ဝါကျတည်ဆောက်ပုံတွေဟာ Content Writing ရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ပထမစာကြောင်း တစ်ကြောင်းမှာတင် ဝါကျရှည်ကြီးနဲ့ဆိုရင် ဖတ်ရသူမောပြီး စာကိုဆက်ဖတ်ချင်စိတ်ပျောက်ကာ Scroll လုပ်၊ အခြား အကြောင်းအရာဆီကိုကျော်သွားပါလိမ့်မယ်။ ရှေးကျတဲ့ဝတ္ထုတော်တော်များများဟာ စာ ကြောင်းရှည်ရှည်နဲ့ စာအလှကိုပညာပြသ,ရေးသားလေ့ရှိကြတာတွေ့ရပါတယ်။ ဒါပေမဲ့ “မောင်ရင်မောင် မမယ်မ” မှာပါတဲ့ စာကြောင်းတော်တော်များများ (တော်တော်များများ) ကတော့ ဝါကျအရမ်းမရှည်ဘဲ ခပ်တိုတိုနဲ့စာအလှကိုပေါင်းစပ်ထားတာမို့ ဒီဂျစ်တယ်ခေတ်ရဲ့ Content Writing အတွက်လေ့လာအတုယူစရာကောင်းတယ်လို့ဆိုချင်ပါတယ်။
အသုံးအနှုန်း
မလိုအပ်တဲ့အသုံးကိုဖယ် လိုအပ်တာကိုကျစ်လျစ်၊ ရင်ထဲထိအောင်မွမ်းမံတင်ပြနိုင်မှုကတော့ လုပ်ငန်း တွေရဲ့ ကြော်ငြာကိုတာဝန်ယူထားရတဲ့ Content Writer တွေအတွက် မဖြစ်မနေလေ့လာရမယ့်အချက် တစ်ချက်ပါပဲ။ ဇာတ်လမ်းဇာတ်အိမ်အရ စာရှည်ကြီးရေးလို့ရ၊ စာအုပ်အထူကြီးတွေထုတ်လို့ကောင်းပေ မယ့် အဓိကအကြောင်းအရာတွေကိုပဲ ကျစ်ကျစ်လျစ်လျစ်သုံးနှုန်းထားတာက လေ့လာအတုယူစရာဖြစ် ပါတယ်။
Call to Action (CTA)
ခေါင်းစဉ်က “မောင်ရင်မောင် မမယ်မ” ဆိုပေမဲ့ အဓိကဇာတ်ကောင် မောင်ရင်မောင်ရဲ့အကြောင်းတွေကို ပဲ တောက်လျှောက်ရေးသားတင်ဆက်ထားတာတွေ့ရပါလိမ့်မယ်။ မမယ်မရဲ့ Role က ပျောက်နေသ ယောင်တောင်ထင်ရပါတယ်။ ဒီတော့ ခေါင်းစဉ်နဲ့လည်းညီ၊ Main Character ကိုလည်း Role ပေးတဲ့ အနေနဲ့ ဇာတ်လမ်းအဆုံးနားလောက်မှာ မမယ်မ ရဲ့အကြောင်းအရာကိုပါထည့်သွင်းတင်ဆက်လိုက်ပါ တယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးရဲ့အကြောင်းအရာကို ခြုံငုံသုံးသပ်နိုင်မယ့် Call to Action (CTA) ကလေးကို ထပ်သွင်းလိုက်သလိုပဲပေါ့။ ဆိုလိုချင်တာက စာရေးသူဟာ Call to Action (CTA) ကိုမမေ့ ပါဘူး။ သူ့ဇာတ်ကိုသူနိုင်အောင်က,ပြီးအဆုံးသတ်မှာ Call to Action (CTA) နဲ့ ပိတ်ပေးနိုင်တယ်ဆိုတဲ့ ရသဖြစ်ပါတယ်။
အားလုံး Content Writing ကိုကျွမ်းကျင်ပိုင်နိုင်ကြပါစေ။