Content ရေးသားနည်းဟာ Digital Marketing ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တစ်ချို့လုပ်ငန်းရှင် တွေက Content Writing သမားတွေကို Digital Marketing သမားတွေနဲ့ ရောယောင်ပြီးတော့လည်း မြင် တတ်ကြပါတယ်။
တကယ်တော့ Content Writer တွေဟာ အစုံသုပ်မဟုတ်သလို Digital Marketing အကြောင်းကိုလည်း နှိုက်နှိုက်ချွတ်ချွတ်သိဖို့တော့မလိုပါဘူး။ ဒါပေမဲ့ Content Writer ဟာ Digital Marketing ကိုနားလည် ဖို့လိုသလား ဆိုတော့ “လိုပါတယ်”။ Content သမားတွေဟာ Digital Marketing ကို တစ်စိတ်တစ်ပိုင်း အားဖြင့်နားလည်ထားရမှာဖြစ်ပါတယ်။
Digital Marketing ကို အကြမ်းဖျင်းအားဖြင့် (၅) မျိုးခွဲခြားနိုင်ပါတယ်။ အဲဒါတွေကတော့…..
- Search Engine Optimization and Marketing (SEO / SEM)
- Social Media Optimization and Marketing (SMO / SMM)
- Online Advertising
- Content Marketing
- Email Marketing တို့ပဲဖြစ်ပါတယ်။
Content သမားတွေက နံပါတ် (၄) အုပ်စုဖြစ်တဲ့ Content Marketing ကို ကျွမ်းကျင်တတ်မြောက်ထား ရမယ်လို့ဆိုချင်ပါတယ်။
စာရေးကောင်းသူတိုင်း Content Writer မဟုတ်ပါဘူး။ မြန်မာစာရေးတတ်တိုင်း Content Writer မဟုတ် ပါဘူး။ အွန်လိုင်းပေါ်မှာ စာတွေ စီကာပတ်ကုံးရေးပြီးတင်တတ်တိုင်း Content Writer မဟုတ်ပါဘူး။ အိုင် ဒီယာကောင်းကောင်းနဲ့ အများစိတ်ဝင်စားအောင်ရေးတတ်တိုင်း Content Writer မဟုတ်ပါဘူး။ Content Writer ဟာ Content Marketing ကို ကောင်းကောင်းနားလည်တတ်ကျွမ်းသူဖြစ်ဖို့ပဲလိုအပ်မှာ ဖြစ်ပါတယ်။
အရောင်းပို့စ်အမျိုးအစားကို ဘယ်လိုရေးမလဲ၊ Page မှာ Share များအောင်ဘယ်လိုရေးမလဲ၊ Engagement တက်အောင်ဘယ်လိုရေးမလဲ၊ Brand awareness ပို့စ်တွေကို ဘယ်လိုဖန်တီးမလဲ စတဲ့ ကိုယ့်ရဲ့ Target Audience အပေါ်မူတည်ပြီး ဖန်တီးတတ်သူကိုသာ Content Writer လို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။ Marketing ပညာရပ်နဲ့ စာအရေးအသားကောင်းမှု အနုပညာကို ပေါင်းစပ်ဖန်တီးနိုင်သူ၊ ဈေးကွက်ရဲ့ Trend ကိုနားလည်သူကသာ Content Writer အဖြစ်သတ်မှတ်လို့ရနိုင်ပါကြောင်းဆိုချင်ပါ တယ်။