၂၀၂၀ ဟာ သမိုင်းတစ်လျှောက် အရှည်ကြာဆုံး Stay Home ကာလဖြစ်နိုင်ပါတယ်။ သေချာတာက COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတစ်ချို့ ယိုင်နဲ့သွားသလို တချို့လည်း အလုပ်လက်မဲ့ဖြစ်ကုန်တဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၂၀ ကုန်ပြီးရင် ၂၀၂၁ ကတော့ ရောက်လာမှာပါပဲ။
ဗေဒင်စကားနဲ့ ပြောရရင် ၂၀၂၁ ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ကံဇာတာတက်တဲ့နှစ်တစ်နှစ် ဖြစ်နိုင်ပါတယ်။ ၂၀၂၀ မှာ ဖြစ်ခဲ့တဲ့ Virtual Meeting နဲ့ Remote Working စနစ်တွေက ၂၀၂၁ မှာ ဆက်ပြီး အလုပ်ဖြစ်နေဦးမှာပါ။ ဒီတော့ ကိုယ့်စီးပွားရေးလုပ်ငန်းတွေကို ဒစ်ဂျစ်တယ် Tools တွေ အကူအညီနဲ့ ဆက်ပြီး တိုးချဲ့သင့်ပါတယ်။
Social Media တွေဟာ နယ်စုံပယ်စုံက ဖောက်သည်အားလုံးကို လွှမ်းခြုံနိုင်တဲ့ မူလဘူတလမ်းတစ်ခုသဖွယ် အားကောင်းလာနေပါတယ်။ နောက်ပိုင်းမှာ Facebook လောက်အပြင် YouTube ၊ Instagram ၊ LinkedIn နဲ့ Twitter တွေမှာပါ Social Media Tools တွေ သုံးပြီး လုပ်ငန်း အားကောင်းအောင် ဆက်ပြီး မောင်းနှင်ရမှာပါ။
အခုမှ လုပ်ငန်းစပြီး လည်ပတ်နေသူတွေအတွက် အမြဲတမ်းဝန်ထမ်းတွေ ခန့်ထားတာထက် Contract Type နဲ့ Freelancing ငှားပြီး Run တာက ပိုပြီး ထိရောက်မှု ရှိသလို စရိတ်စကလည်း သက်သာနိုင်ပါတယ်။ Freelancer တွေထဲကမှ လုပ်ငန်းကျွမ်းကျင်ပြီး ဖန်တီးမှုကောင်းတဲ့ ဦးနှောက်ပိုင်ရှင်တွေကို စုစည်းနိုင်ပြီဆိုရင် ကိုယ့်လုပ်ငန်းအောင်မြင်ဖို့ လမ်းတစ်ဝက်ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။
အခုပြောမယ့် စီးပွားရေးလုပ်ငန်းတွေက လာမယ့် ၂၀၂၁ ခုနှစ်ကို ပုံဖော်သွားမယ့် စီးပွားရေး Trends တွေ ဖြစ်လာနိုင်တာကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုခု လုပ်ဖို့ စဉ်းစားနေသူတွေအတွက် အခုပြောမယ့် စီးပွားရေးလုပ်ငန်းမျိုးကို ပိုပြီး အာရုံစိုက်ဖို့ အကြံပေးချင်ပါတယ်။
(၁) အိမ်အရောက်ဝန်ဆောင်မှုများ
အိမ်သန့်ရှင်းရေးကနေ အိမ်အရောက် ဆေးဝါးနဲ့ အစားအသောက် ပို့ဆောင်တဲ့ လုပ်ငန်းတွေအထိ Door-to-Door Services တွေကလည်း ၂၀၂၁ မှာ စဉ်းစားသင့်တဲ့ စီးပွားရေးတစ်ခု ဖြစ်ပါတယ်။ ဝန်ဆောင်မှုလက်ခံခြင်းကို အွန်လိုင်း ချန်နယ်တွေကနေ လက်ခံပြီး အိမ်အရောက်ဝန်ဆောင်မှုပေးတာမျိုး လုပ်သင့်ပါတယ်။
(၂) Social Media Consulting
တကယ်လို့ ကိုယ်က Digital Marketing ပိုင်း ကျွမ်းကျင်တယ် ၊ ကိုယ့်အသိတွေထဲမှာ Conten/Copy Writing ပိုင်း ဆရာကျတဲ့သူတွေ ရှိတယ်ဆိုရင် အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေအတွက် Social Media Consulting ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းထောင်သင့်ပါတယ်။ ဒစ်ဂျစ်တယ်စီးပွားရေးဟာ ၂၀၂၁ ရဲ့ ပင်မစီးပွားရေးတစ်ခု ဖြစ်လာဖို့ ရှိတာကြောင့် သမရိုးကျဆက်သွားနေတဲ့ လုပ်ငန်းတွေအဖို့ ဆက်ပြီးရပ်တည်ဖို့ ခက်ခဲနိုင်တယ်ဆိုတာလည်း ကြိုတွက်ထားသင့်ပါတယ်။
(၃) e-Commerce
လာမယ့်နှစ်အတွက် သင်ပစ်မှတ်ထားသင့်တဲ့ စီးပွားရေးလုပ်ငန်းက e-Commerce ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ဒစ်ဂျစ်တယ်စီးပွားရေးဟာ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာပြီး လူတွေရဲ့ နေ့စဉ်ဘဝပေါ် သက်ရောက်မှု ရှိလာတော့မှာပါ။ အပြင်မှာ ဆိုင်ခန်းဖွင့် ဈေးရောင်းတာကနေ အင်တာနက်ပေါ်က ဈေးသည်ကြီးအဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံပြောင်းရင်း ဈေးကွက် Trends မှာ အပြောင်းအလဲအတိုင်း အကောင်းဆုံး စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။
(၄) အွန်လိုင်း စာသင်မှုများ
အတတ်ပညာတစ်ခုခု ဆရာကျကျ တတ်မြောက်ထားသူတို့အတွက် ၂၀၂၁ မှာ အွန်လိုင်းစာသင်ခန်းဖွင့်ဖို့ အကောင်းဆုံး အချိန် ဖြစ်ပါတယ်။ ဗွီဒီယို Conferencing နည်းပညာတွေနဲ့ ပလက်ဖောင်းတွေ ထွန်းကားလာချိန်မှာ အင်တာနက်ပေါ်က စာသင်ရတာ သိပ်မခက်တော့ပါဘူး။ တစ်ခုပါပဲ။ အွန်လိုင်းစာသင်မှု အရည်အသွေးတက်လာဖို့နဲ့ ကိုယ့်သင်တန်းသားတွေနဲ့ Engaging ဖြစ်ဖို့ကတော့ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။