အခုမှစပြီး Content Writer လုပ်မယ့်သူတွေ လက်ရှိလုပ်နေပြီးသားဆိုပေမဲ့ အခြေအနေအရသာလုပ် လိုက်ရတာ Content ရေးတဲ့အခြေခံကိုယောင်ဝါးဝါးဖြစ်နေသူတွေအတွက်ရည်ရွယ်ပါတယ်။
ဒီဂျစ်တယ်မီဒီယာပေါ်မှာရေးမှာပဲဖြစ်ဖြစ် ပုံနှိပ်မီဒီယာအတွက်ပဲဖြစ်ဖြစ် အခြားပလက်ဖောင်းတွေမှာပဲ ဖြစ်ဖြစ် Content ရေးဖို့ဆိုရင်တော့ ဒီအခြေခံအချက်လေးတွေလိုအပ်ပါတယ်။ Content Writing, Copy Writing ကိုအသာထား လောလောဆယ်မှာ ကြေညာစာအမျိုးမျိုးကိုရေးရတော့မယ်လို့ဆိုကြပါစို့။
(၁) စာရေးစာဖတ် ဝါသနာပါသူဖြစ်ရပါမယ်
>>>>>>
အခြေခံအကျဆုံးအချက်ကတော့ စာရေးနေကျလူပဲ စာရေးတာအဆင်ပြေပါတယ်။ သူများရေးတဲ့စာတွေ ကို ဖတ်လေ့မရှိရင်လည်း ကိုယ်တိုင် Content ရေးတဲ့အခါ ဘယ်ကစရေးလို့ရေးရမှန်းမသိ ရေးသာရေး လိုက်တယ် စာမချောတာမျိုးဖြစ်တတ်လို့ပါ။ ဆိုတော့စာရေးစာဖတ်လုပ်နေတဲ့သူ (အမြဲတမ်းမဟုတ်ရင် တောင် ရံဖန်ရံခါ) ဖြစ်ဖို့လိုအပ်ပါတယ်။
(၂) စာလုံးပေါင်းမမှားပါစေနဲ့
>>>>>
Content တစ်ပုဒ်ဖတ်ကြည့်လို့စာလုံးပေါင်းအမှားတော်တော်များများတွေ့ရပြီဆိုရင်တော့ ရေးတဲ့သူ ကိုရော Brand ကိုရော အထင်အမြင်သေးတတ်ကြပါတယ်။ ဒီစာလေးရေးတာ စာလုံးပေါင်းအဲလောက် တောင်မှားသလား နေပါတော့ကွာ ဆက်မဖတ်တတ်ဘူး ဆိုတဲ့အပြောတွေနဲ့မကြုံချင်ရင်တော့ စာလုံး ပေါင်းမှန်ဖို့ နဲ့ဝါကျအထားအသိုမှန်ဖို့ အခြေခံကျပါတယ်လို့ဆိုချင်ပါတယ်။
(၃) သူများ Content တွေကိုလိုက်ဖတ်ပါ
>>>>>
စာရေးတာလည်းအဆင်ပြေတယ်၊ စာလုံးပေါင်းလဲမမှားဘူး ဒါပေမဲ့ တစ်ခါလာလည်း ဒီပုံစံ နောက်တစ်ခါ လည်းဒီလိုပုံစံပဲရေးတတ်တယ်ဆိုရင်တော့ သူများရေးတဲ့ပုံစံတွေကိုများများလေ့လာဖို့လိုနေပါပြီ။ (ကူးချ ဖို့ပြောတာမဟုတ်ပါဘူးခင်ဗျ)။ တစ်ခါတစ်လေမှာ ကိုယ်က Brand အကြောင်းကိုတော့နားလည်တယ် ဒါပေမဲ့ Post တွေအများကြီးရေးရတော့ ဒီစာတွေချည်းပဲထပ်နေတယ်ဆိုတာမျိုးဖြစ်တတ်လို့ပါ။ ဆိုတော့ သူများဘယ်လိုပုံစံရေးသလဲ ကိုယ်ကဘယ်လိုပုံစံလေးရေးရင်ပိုကောင်းမလဲဆိုတာကို တွေးဖို့လိုအပ်ပါ တယ်။
(၄) Research လုပ်တဲ့အကျင့်မွေးပါ
>>>>>
ကိုယ်ပထမဆုံးရေးတဲ့ Content က ဖတ်တဲ့သူဘယ်နှစ်ယောက်ရှိလဲ နောက် Content ကဘယ်လောက် တိုးတက်လာသလဲ၊ သူများတွေနဲ့ယှဉ်ရင်ကော ဘယ်လိုအနေအထားရှိသလဲဆိုတဲ့ Research လေးပြုလုပ် ဖို့တော့လိုပါတယ်။ ဒါမှ Skill တက်လာမှာဖြစ်ပါတယ်။
(၅) အင်္ဂလိပ်စာအခြေခံလောက်တော့သိထားသင့်ပါတယ်
>>>>>
အင်္ဂလိပ်စာကလည်း Content ရေးတဲ့သူအတွက် လိုအပ်ပါတယ်။ ကိုယ်ရေးရမယ့် Brand က နိုင်ငံခြား Brand လား ပြည်တွင်းလားမသိနိုင်တာ မို့တစ်ခါတစ်လေ ဘိုလိုတွေလည်းလာတတ်တာမို့ ဘိလပ်စာကို အခြေခံတော့အနည်းဆုံးသိထားသင့်ပါတယ်။
(၆) ရေးပြီးသမျှကို အနည်းဆုံး ၃ ခေါက်ပြန်ဖတ်ပါ
>>>>>
ကိုယ်ရေးတဲ့အပုဒ်ရေတိုင်းရဲ့ Engagement ဟာ ကိုယ့်ရှေ့မှာ မျက်ဝါးထင်ထင်မြင်ရတာမို့ တစ်ပုဒ်ချင်း စီမှာ ရှိသမျှအားတွေထည့်ဖို့လိုပါတယ်။ ပြီးစလွယ်မရေးဖို့နဲ့ ရေးသမျှကို အကြိမ်ကြိမ်ဖတ်ပြီး အကောင်း ဆုံးပြင်ဆင်ဖို့လိုအပ်ပါတယ်။
အခြေခံရေးပြီးမှ Content Marketing ဖက်ကိုဆက်သွားရမှာဖြစ်ပါတယ်။