ကိုရိုနာဗိုင်းရပ်စ်က လူတိုင်းအတွက် ခြောက်အိပ်မက်ကြီး ဖြစ်နေပါပြီ။ COVID-19 ကာကွယ်ဖို့ အပြင်မထွက်ဘဲ Stay Home နေဖို့လည်း နေရာတကာမှာ နှိုးဆော်နေကြပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာ ကြောက်လို့ နံရံတွေနောက် ခဏလေး ကိုယ်ဖျောက်နေကြတုန်းမှာ သင့်ရဲ့ တက်လမ်းအတွက် တံခါးတွေကို ဖွင့်ဖို့ အချိန်ရောက်လာပြီလို့ ဆိုချင်ပါတယ်။
ခက်ခဲတဲ့ ကာလတွေဟာ ထူးကဲတဲ့ အခွင့်အလမ်းတွေ ယူဆောင်လာတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ COVID-19 ကြောင့် အိမ်ထဲမှာ ချောင်ပိတ်ပြီး ပျင်းရိငြီးငွေ့နေမယ့်အစား သင့်အတွက် Potential ရှိနိုင်တဲ့ ဒီပညာတွေကို သင်ယူထားတာက အချိန်ကို တန်ဖိုးရှိရှိ အသုံးချရာရောက်သလို သင့်ရဲ့ Personality ပါ မြှင့်တင်ပြီး ဖြစ်စေမှာပါ။ အခုပြောမယ့် ပညာတွေအားလုံးက အင်တာနက်ရှိရုံနဲ့တင် သင်ယူနိုင်တာ ဖြစ်လို့ အပြင်သင်တန်းမလိုဘဲ ကိုယ့်ဉာဏ်ရည်ဉာဏ်သွေးကို အသုံးချပြီး တတ်မြောက်အောင် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
(၁) Coding
တကယ်လို့ အရင်တုန်းက Programming ပညာကို လေ့လာချင်စိတ် ရှိခဲ့ပြီး အချိန်မရလို့ မသင်ဖြစ်ခဲ့ရင် ဒီအချိန်က အကောင်းဆုံးပါပဲ။ Coding ရေးသားနည်း တတ်မြောက်ခြင်းဟာ အလုပ်အကိုင်အခွင့်အရေး လမ်းကြောင်းသစ်တွေပါ ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ဂုဏ်ယူစရာအသက်မွေးမှုအဖြစ်လည်း လက်မထောင်နိုင်တဲ့ ပညာရပ်တစ်ခု ဖြစ်ပြီး အခမဲ့ သင်လို့ရနိုင်တဲ့ နေရာတွေ ရှိပါတယ်။ Programming အကြောင်း သင်ချင်တယ်ဆိုရင်တော့ Coursera ၊ Codecademy နဲ့ EdX တို့မှာ သင်နိုင်ပါတယ်။
Photo: Unsplash
(၂) ဘာသာစကား
ဒီဘက်ခေတ်မှာ မိခင်ဘာသာစကားပြောတတ်ရုံနဲ့ အလုပ်ကောင်းအကိုင်ကောင်း ရဖို့ မလွယ်တော့ပါဘူး။ ဘာသာစကားသစ်ဆိုရာမှာ ကိုယ်ဝါသနာပါရာနဲ့ အားသန်ရာအပြင် အသုံးတည့်ပြီး အသုံးချခွင့်ပိုများတဲ့ ဘာသာစကားမျိုးကို ရွေးချယ်သင့်ပါတယ်။ ဘာသာစကားတွေကိုလည်း အခမဲ့ သင်ကြားရေးပလက်ဖောင်းတွေ ဖြစ်တဲ့ Udemy ၊ Coursera နဲ့ Duolingo ဝက်ဘ်ဆိုက်တွေမှာ သွားရောက်လေ့လာသင်ယူနိုင်ပါတယ်။
Photo: Unsplash
(၃) ဖန်တီးမှု အနုပညာ
အားလပ်ချိန်လေးမှာ Graphic Design သင်ချင်သလား ၊ ရုပ်သံထုတ်လုပ် တည်းဖြတ်မှုအကြောင်း သင်ချင်သလား ။ ဒါမှမဟုတ် Fine Art လို့ ခေါ်တဲ့ လက်မှုအနုပညာလေးတွေ လေ့လာချင်တယ်ဆိုရင် Skillshare မှာ ဖြစ်ဖြစ် Futurelearn တို့ ClassCentral တို့မှာ ဖြစ်ဖြစ် လေ့လာနိုင်ပါတယ်။ တကယ်လို့ Music ပိုင်း လေ့လာချင်တယ်ဆိုရင်တော့ YouTube မှာ ဖြစ်ဖြစ် Udemy ၊ MasterClass မှာ ဖြစ်ဖြစ် သင်နိုင်ပါတယ်။
Photo: Unsplash
(၄) စာရေးနည်းအတတ်ပညာ
ကြော်ငြာအရေးအသားဖြစ်ဖြစ် ဝါသနာပါလို့ ဝတ္ထုဆောင်းပါး ရေးချင်တာပဲ ဖြစ်ဖြစ် သင်ချင်တယ်ဆိုရင် Masterclass ၊ Udemy ၊ EdX နဲ့ Coursera တို့မှာ သင်နိုင်ပါတယ်။ အခုခေတ်မှာ Copy Writer တစ်ယောက် Content Marketer တစ်ယောက်ဟာလည်း ခိုင်မာတဲ့ အသက်မွေးဝမ်းကြောင်းပေါ် လျှောက်လှမ်းနေတာ ဖြစ်လို့ ဒီပညာတွေ တတ်ထားတာဟာ ဘဝရပ်တည်ရေးအတွက် ကြီးမားတဲ့ အထောက်အပံ့လည်း ဖြစ်လာနိုင်ပါတယ်။
Photo: Unsplash