Content Writer (၁၀) ယောက်နဲ့ပေါင်းလို့ (၁၁) ယောက် Content Writer ဟာ လူကြီးမင်းဖြစ်လာမယ်ဆိုတာ မသေချာပါဘူး။ အရာရာတိုင်းမှာ ကိုယ်တိုင်အားစိုက်ကြိုးစားတဲ့ ကံ၊ ဉာဏ်နဲ့၊ ဝီရိယတို့လိုအပ်ပါတယ်။
Content Writer ဖြစ်ဖို့အတွက်တော့ အခြေခံအချက်လေးတွေရှိပါတယ်။ ဖော်ပြပါအချက်လေးတွေကို ပြည့်စုံ စေခြင်းအားဖြင့် Content Writer ဖြစ်ချင်သူတွေအတွက် တစ်တောင့်တစ်နေရာက အကျိုးဖြစ်ထွန်းစေမယ်လို့ ယုံကြည်ပါတယ်။
လူကြီးမင်းဟာ (၁၁) ယောက်မြောက် Content Writer ဖြစ်ဖို့ဆိုရင် ဒီအချက်လေးတွေကိုလိုက်လုပ်ကြည့်ကြ ရအောင်နော်။
(၁) စာရေးစာဖတ် ဝါသနာပါသူဖြစ်ရပါမယ်
အခြေခံအကျဆုံးအချက်ကတော့ စာရေးနေကျလူပဲ စာရေးတာအဆင်ပြေပါတယ်။ သူများရေးတဲ့စာတွေ ကို ဖတ်လေ့မရှိရင်လည်း ကိုယ်တိုင် Content ရေးတဲ့အခါ ဘယ်ကစရေးလို့ရေးရမှန်းမသိ ရေးသာရေး လိုက်တယ် စာမချောတာမျိုးဖြစ်တတ်လို့ပါ။ ဆိုတော့စာရေးစာဖတ်လုပ်နေတဲ့သူ (အမြဲတမ်းမဟုတ်ရင် တောင် ရံဖန်ရံခါ) ဖြစ်ဖို့လိုအပ်ပါတယ်။
(၂) စာလုံးပေါင်းမမှားပါစေနဲ့
Content တစ်ပုဒ်ဖတ်ကြည့်လို့စာလုံးပေါင်းအမှားတော်တော်များများတွေ့ရပြီဆိုရင်တော့ ရေးတဲ့သူ ကိုရော Brand ကိုရော အထင်အမြင်သေးတတ်ကြပါတယ်။ ဒီစာလေးရေးတာ စာလုံးပေါင်းအဲလောက် တောင်မှားသလား နေပါတော့ကွာ ဆက်မဖတ်တတ်ဘူး ဆိုတဲ့အပြောတွေနဲ့မကြုံချင်ရင်တော့ စာလုံး ပေါင်းမှန်ဖို့ နဲ့ဝါကျအထားအသိုမှန်ဖို့ အခြေခံကျပါတယ်လို့ဆိုချင်ပါတယ်။
(၃) သူများ Content တွေကိုလိုက်ဖတ်ပါ
စာရေးတာလည်းအဆင်ပြေတယ်၊ စာလုံးပေါင်းလဲမမှားဘူး ဒါပေမဲ့ တစ်ခါလာလည်း ဒီပုံစံ နောက်တစ်ခါ လည်းဒီလိုပုံစံပဲရေးတတ်တယ်ဆိုရင်တော့ သူများရေးတဲ့ပုံစံတွေကိုများများလေ့လာဖို့လိုနေပါပြီ။ (ကူးချ ဖို့ပြောတာမဟုတ်ပါဘူးခင်ဗျ)။ တစ်ခါတစ်လေမှာ ကိုယ်က Brand အကြောင်းကိုတော့နားလည်တယ် ဒါပေမဲ့ Post တွေအများကြီးရေးရတော့ ဒီစာတွေချည်းပဲထပ်နေတယ်ဆိုတာမျိုးဖြစ်တတ်လို့ပါ။ ဆိုတော့ သူများဘယ်လိုပုံစံရေးသလဲ ကိုယ်ကဘယ်လိုပုံစံလေးရေးရင်ပိုကောင်းမလဲဆိုတာကို တွေးဖို့လိုအပ်ပါ တယ်။
(၄) Research လုပ်တဲ့အကျင့်မွေးပါ
ကိုယ်ပထမဆုံးရေးတဲ့ Content က ဖတ်တဲ့သူဘယ်နှစ်ယောက်ရှိလဲ နောက် Content ကဘယ်လောက် တိုးတက်လာသလဲ၊ သူများတွေနဲ့ယှဉ်ရင်ကော ဘယ်လိုအနေအထားရှိသလဲဆိုတဲ့ Research လေးပြုလုပ် ဖို့တော့လိုပါတယ်။ ဒါမှ Skill တက်လာမှာဖြစ်ပါတယ်။
(၅) အင်္ဂလိပ်စာအခြေခံလောက်တော့သိထားသင့်ပါတယ်
အင်္ဂလိပ်စာကလည်း Content ရေးတဲ့သူအတွက် လိုအပ်ပါတယ်။ ကိုယ်ရေးရမယ့် Brand က နိုင်ငံခြား Brand လား ပြည်တွင်းလားမသိနိုင်တာ မို့တစ်ခါတစ်လေ ဘိုလိုတွေလည်းလာတတ်တာမို့ ဘိလပ်စာကို အခြေခံတော့အနည်းဆုံးသိထားသင့်ပါတယ်။
(၆) ရေးပြီးသမျှကို အနည်းဆုံး ၃ ခေါက်ပြန်ဖတ်ပါ
ကိုယ်ရေးတဲ့အပုဒ်ရေတိုင်းရဲ့ Engagement ဟာ ကိုယ့်ရှေ့မှာ မျက်ဝါးထင်ထင်မြင်ရတာမို့ တစ်ပုဒ်ချင်း စီမှာ ရှိသမျှအားတွေထည့်ဖို့လိုပါတယ်။ ပြီးစလွယ်မရေးဖို့နဲ့ ရေးသမျှကို အကြိမ်ကြိမ်ဖတ်ပြီး အကောင်း ဆုံးပြင်ဆင်ဖို့လိုအပ်ပါတယ်။
(၇) Content Writer ဟာ Digital Marketing ကိုနားလည်ဖို့လိုပါတယ်
Content ရေးသားနည်းဟာ Digital Marketing ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တစ်ချို့လုပ်ငန်းရှင် တွေက Content Writing သမားတွေကို Digital Marketing သမားတွေနဲ့ ရောယောင်ပြီးတော့လည်း မြင် တတ်ကြပါတယ်။
တကယ်တော့ Content Writer တွေဟာ အစုံသုပ်မဟုတ်သလို Digital Marketing အကြောင်းကိုလည်း နှိုက်နှိုက်ချွတ်ချွတ်သိဖို့တော့မလိုပါဘူး။ ဒါပေမဲ့ Content Writer ဟာ Digital Marketing ကိုနားလည် ဖို့လိုသလား ဆိုတော့ “လိုပါတယ်”။ Content သမားတွေဟာ Digital Marketing ကို တစ်စိတ်တစ်ပိုင်း အားဖြင့်နားလည်ထားရမှာဖြစ်ပါတယ်။
စာရေးကောင်းသူတိုင်း Content Writer မဟုတ်ပါဘူး။ မြန်မာစာရေးတတ်တိုင်း Content Writer မဟုတ် ပါဘူး။ အွန်လိုင်းပေါ်မှာ စာတွေ စီကာပတ်ကုံးရေးပြီးတင်တတ်တိုင်း Content Writer မဟုတ်ပါဘူး။ အိုင် ဒီယာကောင်းကောင်းနဲ့ အများစိတ်ဝင်စားအောင်ရေးတတ်တိုင်း Content Writer မဟုတ်ပါဘူး။ Content Writer ဟာ Content Marketing ကို ကောင်းကောင်းနားလည်တတ်ကျွမ်းသူဖြစ်ဖို့ပဲလိုအပ်မှာ ဖြစ်ပါတယ်။
အရောင်းပို့စ်အမျိုးအစားကို ဘယ်လိုရေးမလဲ၊ Page မှာ Share များအောင်ဘယ်လိုရေးမလဲ၊ Engagement တက်အောင်ဘယ်လိုရေးမလဲ၊ Brand awareness ပို့စ်တွေကို ဘယ်လိုဖန်တီးမလဲ စတဲ့ ကိုယ့်ရဲ့ Target Audience အပေါ်မူတည်ပြီး ဖန်တီးတတ်သူကိုသာ Content Writer လို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။ Marketing ပညာရပ်နဲ့ စာအရေးအသားကောင်းမှု အနုပညာကို ပေါင်းစပ်ဖန်တီးနိုင်သူ၊ ဈေးကွက်ရဲ့ Trend ကိုနားလည်သူကသာ Content Writer အဖြစ်သတ်မှတ်လို့ရနိုင်ပါကြောင်းဆိုချင်ပါ တယ်။