Live Sale ရောင်းသူတွေဟာ Content ကို အသံ (လေသံ) နဲ့ဖန်တီးနေကြတာဖြစ်ပါတယ်။
ဖေ့စ်ဘုတ်မှာ Live လွှင့်ဈေးရောင်းတဲ့အခါ ကိုယ်ပိုင်နည်းဗျူဟာလေးတွေရှိကြပါတယ်။ အော်ကြော့လန်ဆိုပြီး အများက သတ်မှတ်ထားကြတဲ့ Live လွှင့်မမတွေရဲ့ အသံ Content တွေအကြောင်းကို တစေ့တစောင်းလေ့ လာကြည့်ရအောင်ပါ။
Live ကိုဘယ်လိုစ,ပြီး Intro လုပ်သလဲ
သူတို့ရောင်းမယ့်ပစ္စည်းအကြောင်းကိုမစ,တင်ဘဲနဲ့ အများစိတ်ဝင်စားမယ့်စကားလုံးတွေနဲ့သူတို့ရဲ့ Live ကို စတင်ပါတယ်။ ဉပမာ- ဒီတစ်ပတ်ကတော့ သတင်းတွေစုံတယ်၊ ပွဲတွေများတယ်၊ ပွဲဆက်များလို့ ဖျာခင်း နေတာ အိပ်တောင်မအိပ်ရသေးဘူး၊ စသည်ဖြင့် လက်ရှိအွန်လိုင်းပေါ်က ကောင်းသတင်း၊ မကောင်းသတင်း၊ အတင်း လေးတွေနဲ့ အစပြုပါတယ်။ ဒါပေမဲ့ဒါကို မပြောသေးဘဲ စကားလမ်းကြောင်းက အခြားအကြောင်းအရာတစ်ခု ဆီကို လွှဲပြန်ပါတယ်။
အလှပရေးရာ
ဒုတိယအဆင့်အနေနဲ့ အလှအပရေးရာကိုခေါင်းစဉ်တည်ကြပါတယ်။ Live လွှင့်တဲ့သူတွေဟာ ယောင်္ကျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် Live လွှင့်တာကိုကြည့်တဲ့သူကတော့ မိန်းကလေးနဲ့ အလှအပရေးရာကိုစိတ်ဝင် စားသူအများစုဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ အလှအပအကြောင်းဆွေးနွေးဖို့ဆိုရင် စိတ်ဝင်စားကြတာမို့ Comment ပေးလိုက်ဆွေးနွေးလိုက်နဲ့ Live ကို လူအနေအထားငြိမ်အောင်လုပ်လေ့ရှိပါတယ်။ ဉပမာအားဖြင့်- ကျွန်မတော့မနေ့က ခေါင်းလျှော်လိုက်တာ၊ အမျိုးသားဝယ်လာတဲ့ ခေါင်းလျှော်ရည်ကောင်းကောင်းလေးနဲ့တွေ့ သွားတယ်၊ ချစ်တို့လည်းသုံးမယ်ဆိုရင်သုံးကြည့်လို့ရအောင်ညွှန်းပေးမယ်၊ …စသည်ဖြင့်ပေါ့လေ။
လူများအောင်ဘယ်လိုဆွဲခေါ်သလဲ
တတိယအဆင့်မှာတော့ Tempo အမြင့်ဆုံးအချိန်ကိုစ,ပါတယ်။ ဒီတတိယအဆင့်ပြီးမှဈေးက စ,ရောင်းကြတာ ဖြစ်ပါတယ်။ တစ်ရက်နှစ်ရက်အတွင်းမှာဖြစ်ပျက်သွားတဲ့ အွန်လိုင်းပေါ်ကသတင်းတွေကို ဒီနေရာမှာစ,ပြီး ပွဲ ပေါင်းချုပ်အဖြစ်ပြောပါတော့တယ်။ ပြီးတော့ သူ့ရဲ့အမြင်တွေ သုံးသပ်ချက်တွေကို ပြော၊ နားထောင်တဲ့သူတွေက Comment တွေပေးကြနဲ့ ပွဲအတော်စည်ပြီဆိုမှ ဈေးရောင်းပါတယ်။
Live Technic
တချို့ကတော့ ဈေးကိုတိုက်ရိုက်မရောင်းပါဘူး။ ဝယ်မယ့်သူကလည်းဝယ်ပြီး Live ကနေ ထွက်မသွားအောင်၊ မဝယ်ရသေးတဲ့သူကလည်း Live ကိုဆက်ကြည့်နေအောင် Technic တစ်ခုသုံးပြန်ပါတယ်။ အဲဒါကတော့ ပွဲ သတင်း၊ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းအတင်းတွေကို ဈေးရောင်းရင်းနဲ့ ဝေဖန်ရင်းလေကန် ရင်းပြောပြသွားတဲ့ ပုံစံဖြစ်ပါတယ်။ ပစ္စည်းလေးရောင်းလိုက် အတင်းလေးပြောလိုက်ပုံစံဖြစ်ပါတယ်။ ဒါမျိုးက စိတ်ဝင်စားတဲ့သူအများသားလို့ဆိုရမှာပါ။
ဆရာကျတဲ့ Live Content
တချို့ဆရာပိုကျတဲ့သူတွေကတော့ အပေါ်ကအချက်တွေနဲ့မပြီးသေးပါဘူး။ ကိုယ်ပိုင်ပွဲလေးတွေဖန်တီးတတ်ကြ ပါတယ်။ သူ့ရဲ့Live ထဲမှာတင် နာမည်ရဆယ်လီတွေရဲ့သတင်းလေးတွေ၊ ဝေဖန်ရေးလေကန်ရေးလေးတွေနည်းနည်းပါးပါး လေးလုပ်ပြီးပွဲဖန်တီးပါတယ်။ ဒါမှ နောက်နေ့ သူ့ရဲ့ Live မှာ လူများများလာမှာကိုး။ သူက အခြားလူကိုပြော အခြားလူကသူ့ကိုပြောနဲ့ Live ကြည့်သူတွေက ဈေးဝယ်လိုက် သတင်းလေးတွေကိုဖျာခင်းကြည့်လိုက်နဲ့ ပျော်စရာကောင်းအောင်ဖန်တီးတတ်ကြတာဖြစ်ပါတယ်။