၂၀၂၄ ခုနှစ်စစ်တမ်း (datareportal ဝက်ဘ်ဆိုက်မှာဖော်ပြထားချက်အရ) မှာမြန်မာလူဦးရေရဲ့ ၄၄ ရာခိုင်နှုန်းဟာ အင်တာနက်အသုံးပြုကြပါတယ်။ အဲဒီအထဲကမှ ၁၇ သန်းနီးပါးက TikTok ကို အသုံးပြုနေကြပါတယ်။
၂၀၂၅ မှာ မြန်မာပြည်တွင်းဈေးကွက်မှာ Facebook ကို ကျော်တက်ပြီး TikTok က နေရာယူလာပြီဆိုတာ ငြင်းလို့မရပါဘူး။ (အင်တာနက်အကိုးအကားအရ)
ဒီတော့ TikTok Content တွေ ဖန်တီးတဲ့အခါ မဖြစ်မနေလိုအပ်တဲ့အချက်ကလေးတွေကို မျှဝေချင်ပါ တယ်။
(၁) အချက်
ကိုယ်ဖန်တီးမယ့် Content ရဲ့ပရိတ်သတ်ကို သေချာသိရပါမယ်။ ကိုယ့်သူငယ်ချင်းတွေကို ရည်ရွယ်တာလား၊ ဈေးရောင်းဖို့အတွက်လား၊ ဈေးရောင်းမယ်ဆို အလှကုန်ကြိုက်တဲ့ အသက် ၂၀ ကနေ ၃၀ ကြားအမျိုးသမီး တွေကိုလား၊ ရန်ကုန်မှာနေတဲ့သူ၊ မန္တလေးမှာနေတဲ့သူလား စသည်ဖြင့် ကိုယ်ဖန်တီးမယ့် Content ရဲ့ ပရိတ် သတ်က ဘယ်သူလဲ၊ သူတို့ကို ဘယ်လိုပုံစံချဉ်းကပ်မလဲဆိုတာကို အရင်ဆုံး တွေးဆကြည့်လိုက်ပါ။
(၂) အချက်
Facebook Content နဲ့မတူတာကတော့ TikTok ဟာ Trends နဲ့သွားတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Trending ဖြစ်နေတဲ့ အသံ၊ hashtags နဲ့ formats တွေကို မဖြစ်မနေသုံးရပါမယ်။ Content တစ်ခုဖန် တီးတော့မယ်ဆိုရင် လက်ရှိ ဘယ် Trend က ခေတ်စားနေလဲ၊ ဘယ်လိုနောက်ခံအသံက ပေါ်ပြူလာဖြစ် နေသလဲဆိုတာတွေကို ထည့်သွင်းစဉ်းစားပါနော်။
(၃) အချက်
ကိုယ့် Content Video ရဲ့ ပထမဆုံး နှစ်စက္ကန့်၊ သုံးစက္ကန့်တွေဟာ စိတ်ဝင်စားမှုအကောင်းဆုံးအကြောင်း အရာဖြစ်ရပါမယ်။ ဒါမှ ကိုယ့် Content ကို ဆက်ကြည့်ကြမှာပါ။ ဒါကြောင့် အရှေ့ဆုံးအချိန်တွေကို Strong visuals တွေ Bold question တွေ သုံးဖို့မမေ့ပါနဲ့။
(၄) အချက်
TikTok Video တွေဟာ ၁၀ မိနစ်အထိ တင်လို့ရတာတော့မှန်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းအလုပ်ဖြစ်နေတာ က ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ အတွင်းမှာရှိတဲ့ ဗီဒီယိုတွေဆိုတာ သတိပြုပါနော်။ ဒါကြောင့် မလိုအပ်တဲ့စကား ပြော၊ ဗီဒီယိုတွေကို အတတ်နိုင်ဆုံးလျှော့ချပါ။
(၅) အချက်
TikTok ရဲ့ Algorithm ကိုမမေ့ပါနဲ့။ ဒါကြောင့် hashtags မှာ #fyp #foryou ဆိုတာမျိုးလေးတွေပါထည့်ပေးပါ။ #ဆယ်လီမှအသည်းပေးမှာလား ဆိုတာမျိုးတွေလည်းတွေ့ရပေမဲ့ ဒါမျိုးကတော့ လုပ်ငန်းတွေအတွက်မသင့် တော်တာမို့ ရှောင်ပါ။ Content ကိုလည်း Calendar လေးနဲ့ တစ်ပတ်ကို နှစ်ကြိမ်လောက်ဖြစ်ဖြစ်တင်သွားပါ။
(၆) အချက်
တော်တော်များများဟာ နောက်ခံအသံမပါဘဲနဲ့ ကြည့်တတ်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် စာတမ်းထိုးဖို့လည်း မမေ့ပါနဲ့။ TikTok မှာ စာတမ်းထိုးတဲ့အခါ အလုံးစုံထိုးရမယ်လို့မဆိုလိုပါဘူး။ သင့်တော်တဲ့ နေရာမှာသင့်တော်သလို စာတမ်းလေးထိုးပေးမှ အသံမပါဘဲ ကြည့်တဲ့သူတွေအတွက်လည်း ကိုယ်ပေးချင်တဲ့ သတင်း အချက်အလက်ကိုရမှာပါ။
(၇) အချက်
TikTok က Content ဖန်တီးရတာလွယ်တယ်။ ပုံလေးတွေဆက်ပြီးတင်လိုက်ရုံပဲဆိုတာမျိုးမလုပ်ပါနဲ့။ အရည် အသွေးကောင်း Content တစ်ပုဒ်ဖြစ်နေမှသာ ကြည့်ရှုသူကို Impressive ဖြစ်စေမှာပါ။ ဒါကြောင့် effect, transition အလျဉ်းသင့်သလို ပညာလေးပြပြီး ဖန်တီးစေချင်ပါတယ်။
(၈) အချက်
ဒါကတော့ Facebook လိုပါပဲ။ Content တစ်ပုဒ်ဖန်တီးပြီးတိုင်းမှာ CTA ထည့်ရမယ့်အချက်ဖြစ်ပါတယ်။ ကိုယ့် TikTok Video ကို ကြည့်တဲ့သူတွေကို Like, Comment, Follow လုပ်ပေးဖို့တောင်းဆိုရမှာဖြစ်ပါတယ်။ အဆုံး ထိဖတ်ပေးပါ၊ ကြည့်ပေးပါဆိုတာမျိုး သိသိသာသာကြီးပြောတာထက်စာရင် မသိမသာလေး Video ထဲ ထည့် တာဖြစ်ဖြစ်၊ အဆုံးမှာ အပိတ်အနေနဲ့ ပြောတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။
(၉) အချက်
အရိုးရှင်းဆုံးလုပ်ဖို့ ပြောမယ့်အချက်ဖြစ်ပါတယ်။ အရမ်းကြီးမကွန့်ပါနဲ့၊ မညွှန့်ပါနဲ့ (လိုအပ်သလောက်ပဲလုပ်ပါ)။ တစ်ကိုယ်ရည်သုံး TikTok account မှာ ပြဿနာမရှိပေမဲ့ လုပ်ငန်းလုပ်တဲ့အခါ ကိုယ်ကအရမ်းကြီး ကွန့်တာမျိုးတွေရှိလာရင် အတတ်ဆန်း သလိုဖြစ်တတ်ပါတယ်။ အရိုးရှင်းဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ပုံဖော်ပြီး TikTok က သတ်မှတ်ထားတဲ့ Community Guidelines တွေကို လိုက်နာဖို့လိုပါတယ်ဆိုတဲ့အကြောင်း မျှဝေပါရစေ။