ဆိုခဲ့ဖူးသလိုပါပဲ။
Content တစ်ခုကို အသံနဲ့လည်းဖန်တီးကြတယ်။ စာရေးပြီးတော့လည်းဖန်တီးကြတယ်။ ဓါတ်ပုံ သို့မဟုတ် ဗီဒီယိုနဲ့လည်းဖန်တီးတတ်ကြပါတယ်။ အဓိကတော့ ကိုယ့်ရဲ့ Content ကြောင့် အရောင်းအဝယ်ဖြစ်သွားဖို့ နဲ့ အရောင်းအဝယ်ဖြစ်ဖို့ တွန်းအားတစ်ရပ်ဆီရောက်ဖို့ ပါပဲ။ လူကြီးမင်းက ရန်ကုန်မြို့ပတ်ရထားများစီးဖြစ်ခဲ့ရင်တော့ ရထားပေါ်က ဈေးသည်တွေရဲ့ အသံ Content လေးတွေကို အခုလိုတွေ့ရမှာပါ။
လေ့လာကြည့်ရအောင်နော်။ လင်စားရင်မယားချို
လိမ္မော်သီးသည်ရဲ့ အသံဖြစ်ပါတယ်။ သူအော်တာက “လိမ္မော်သီးတွေရမယ်၊ တစ်ထုတ်ကိုတစ်ထောင်ပဲ၊ အပိုမပြောဘူး၊ လင်စားရင်မယားချိုမယ်၊ မယားစားရင်လင်ချိုမယ်” တဲ့။ နားထောင်တဲ့သူတိုင်းလိုလိုက ပြုံးမိပြီး နားထဲစွဲစေတဲ့ဈေးရောင်းခြင်းပါပဲ။ သူရတဲ့အချိန်ခဏလေးမှာ မဝယ်ချင်ရင်တောင် သူ့အသံကို နားစွဲလွယ်အောင်ပြောတတ်တာလေးဖြစ်ပါတယ်။
တစ်ခါတစ်လေမှ တွေ့ရတဲ့ ဟင်းရွက်သည်ဖြစ်ပါတယ်။ တွေ့တိုင်းလည်း ပြောနေကျက “ယောင်္ကျားနဲ့စကားများ လာလို့ရောင်းတာ၊ ယောင်္ကျားကိုအမြင်ကပ်လို့ အရှုံးနဲ့ရောင်းပစ်တာ၊ ကန်စွန်းရွက် နှစ်စည်းငါးရာ၊ ပန်းဂေါ်ဖီ တစ်ထုတ်တစ်ထောင်ပဲ” တဲ့။ သူရောင်းတိုင်းရောင်းတိုင်းမှာ တကယ်ပဲ ယောင်္ကျားကိုအမြင်ကပ်လေသလား။ သေချာတာကတော့ သူ့ဈေးရောင်းနည်းက သူများနဲ့မတူဘဲ ထူးခြားနေတာပါပဲ။
ငှက်ပျောသီးအဖီးလိုက်ကိုဗန်းထဲထည့်ပြီး တစ်လုံးကိုတစ်ရာနဲ့ရောင်းနေတာဖြစ်ပါတယ်။ ငွေ ၁၀၀ ဆိုတာ အခုခေတ်မှာ ဘက်စ်ကားတောင်စီးလို့မရတော့ပါဘူး။ ဒီတော့ သူ့ဆီက ၁၀၀ တန်ကဘာလဲဆိုတာစိတ်ဝင် စားအောင် သူရောင်းတဲ့ထုတ်ကုန်ကိုအရင်မပြောဘဲ ဈေးနှုန်းကိုအရင်အော်ပြောတာဖြစ်ပါတယ်။ သူ့အော်သံလေး က” ၁၀၀ ဟေး ၁၀၀၊ ၁၀၀၊ လာနော် ငှက်ပျော်သီးတစ်လုံးကို ၁၀၀” တဲ့။
ရာသီပေါ်သရက်သီးသည်ရဲ့အသံဖြစ်ပါတယ်။ “ကဲ..လာဟေ့၊ မချစ်စုသရက်သီးလေးကို မဆလာလေးနဲ့သုပ် ပြီး ဂျိုးဂျွတ်ဂိုးဂွတ်နဲ့ စားမယ်..ဝါးမယ်ဟေ့” တဲ့။ လေသံ၊ အတက်အကျအနိမ့်အမြင့်တွေက နားထောင်ချင်စရာ ကောင်းလှပါတယ်။ တဂျွတ်ဂျွတ်ဝါးချင်လာအောင် သူ အော်ပြောပါတယ်။
စပျစ်သီးရောင်းတာဖြစ်ပါတယ်။ သူနေ့တိုင်းများအရင်းပြုတ်လေသလားလို့စဉ်းစားစရာရှိပေမယ့် သူ့အော်သံ ကတော့ ထူးခြားနေတာပါပဲ။ “စပျစ်သီးတစ်ထုတ်ကို ငါးရာနော်၊ ငွေပေါ်အရင်းပြုတ်လေး၊ နောက်နေ့ဒီဈေးနဲ့ မရတော့ဘူး” တဲ့။ တန်လည်းတကယ်တန်ပါတယ်။ ဒါပေမဲ့နောက်နေ့လည်း ဒီဈေးပါပဲ။
ဖုန်းဆင်းမ်ကတ်ရောင်းတာဖြစ်ပါတယ်။ “အမ်ပီတီ၊ တယ်လီနော၊ အူရီဒူး ဆင်းမ်ကတ်တွေရမယ်နော်၊ နှစ်ထောင် ပဲ၊ ဆိုင်တွေမှာဆိုဒီဈေးနဲ့မရဘူးနော်။ အင်တာနက်လည်းပါပြီးသား၊ ဘာယူယူတစ်ကတ် နှစ်ထောင်ပဲ၊ ဆယ်ကတ်ဝယ်ရင်တော့ ကျွန်တော်နဲ့အတူ ဓါတ်ပုံတွဲရိုက်ခွင့်ရပါမယ်” တဲ့။ သူ့ဈေးရောင်းသံလေးက နားထောင် သူကို ပြုံးမိစေတဲ့ဆွဲဆောင်မှုလေးပါ။
လူကြီးမင်းတို့ကော ဈေးရောင်းသူလေးတွေရဲ့ အသံ Content လေးတွေ ကြားဖူးတာရှိရင် မျှဝေခဲ့ကြပါဦးနော်။