ထက်ထက်မိုးဦးရဲ့ Live က ဘာကြောင့် ရောင်းအားတွေတက်ရတာလဲ၊ သူက ဘယ်လို Content Idea သုံး ပြီး ရောင်းသလဲဆိုတာကို အခုလိုတွေ့ရပါတယ်။
ပရိတ်သတ်ချစ်ရုံတစ်ခုတည်းနဲ့ သူ့ Live က ပေါက်တာ မဟုတ်ဘဲနဲ့ သူ့ရဲ့ဈေးရောင်းနည်း Content Strategy ကလည်း အများထက်ထူးခြားပါတယ်။
Video Content တွေဟာ ၂၀၁၉ နောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့် အများဆုံးဖြစ်လာပါတယ်။ Influencer တွေ Blogger တွေလည်း အရင်ကထက်အဆမတန်များပြားလာပြီး Video Content တွေကို အပြိုင်အဆိုင် ပိုကောင်းအောင်ဖန်တီးလာပါတယ်။
အရောင်း Sales တွေကိုလည်း Content တွေ Video Content ပုံစံအမျိုးမျိုးတွေဖန်တီးတဲ့အထဲမှာ အများ ပြည်သူစိတ်ဝင်တစားရှိကြတာက ထက်ထက်မိုးဦးရဲ့ Live sales လည်းထိပ်ဆုံးက အပါအဝင်ဖြစ်နေပါ တယ်။ ဘာကြောင့်လဲဆိုတော့ အဖြေက သူ့ရဲ့ မဟာဗျူဟာကျတဲ့ စကားပြော Content လေးတွေ ကြောင့်ပါပဲ။
(၁) Brand awareness အရင်လုပ်ပါတယ်
ထက်ထက်မိုးဦးရဲ့ Live တိုင်းမှာ အရင်ဆုံး ဈေးမရောင်းသေးဘဲ (Live မှာ လူတွေများများရောက်လာဖို့ စောင့်နေတဲ့အချိန်) မှာ Brand awareness လုပ်ပါတယ်။ ဥပမာ ဆိုင်ကြော်ငြာသီချင်းကိုဖွင့်ပြီးလိုက်ဆို ပြတာမျိုး၊ ဆိုင်လိုဂိုကိုအများပြည်သူမြင်သာအောင်ကိုင်ပြ လှုပ်ပြတာမျိုးကို လုပ်တဲ့အပြင် ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုရအောင် စကားစပြောပါတယ်။ အဲဒီအချိန်အထိသူရောင်းမယ့် Product အကြောင်းကိုအ တင်းကာရောပြောလေ့မရှိပါဘူး။ သူကြော်ငြာပေးရတဲ့ Product ပေါင်းများစွာကို ပရိတ်သတ်ရဲ့ရင်ထဲ ရောထွေးမသွားအောင် စကားနဲ့တစ်သွယ် အမူအရာနဲ့တစ်မျိုးစပြီး Brand awareness လုပ်တာဖြစ်ပါ တယ်။
(၂) Product အကြောင်းကိုနားလည်ခြင်း
Content တစ်ခုဖန်တီးရင် Product အကြောင်းကို research လုပ်ရသလိုပဲ သူ ပစ္စည်းတစ်မျိုးရောင်း တော့မယ်ဆိုရင် အဲဒီပစ္စည်းအကြောင်းကို သူသိနေပါတယ်။ အထူးသဖြင့် မိုးကုတ်သူဖြစ်တဲ့အတွက် ကျောက်မျက်ရတနာရောင်းတဲ့အချိန်မှာ ပစ္စည်းတိုင်းရဲ့အရည်အသွေးကိုသူက အများပြည်သူနားလည် အောင်ရှင်းပြနိုင်ပါတယ်။ အလွတ်ကျက်ထားတာမျိုးလည်းမဟုတ်ပါဘူး။ တစ်ခါတစ်လေ ပစ္စည်း အကြောင်းကိုဆိုင်ရှင်က တောင်မသိတာကို သူက ပိုသိနေတတ်တာမျိုးပါ။ (အခြားမင်းသမီး၊ ဆယ်လီ တစ်ချို့ရဲ့ Live နဲ့ယှဉ်ရင်သိသာပါတယ်။)
(၃) Engagement ရယူခြင်း
ပရိတ်သတ်ကို ဈေးရောင်းတာထိုင်ကြည့်ခိုင်းတဲ့အထဲ ထက်ထက်မိုးဦးမပါပါဘူး။ သူ Live ရောင်းတဲ့ အချိန်အားလုံးမှာ ပရိတ်သတ်နဲ့ Keep in touch လုပ်ပြီး engagement ရယူပါတယ်။ အားရင်အားသလို နာမည်ခေါ်ပေးတာမျိုး၊ ပရိတ်သတ်ကိုလိုက်စတာမျိုး၊ ဆိုင်ရှင်ကမပေးရင်တောင် သူ့ကိုယ်ပိုင်ပစ္စည်း တစ် ချို့ကို မဲဖောက်ပေးတာမျိုး အစရှိတဲ့ interaction ကို မဖြစ်မနေယူပါတယ်။
(၄) Customer Care ခြင်း
လုပ်ငန်းရှင်တွေရဲ့ Product ကို သူကရောင်းပေးနေပေမယ့် ကြည့်နေသူတွေအားလုံးအတွက်သူရှိပေးပါ တယ်။ ပြောချင်တာက သူက လုပ်ငန်းရှင်အတွက်မဟုတ်ဘဲ ပရိတ်သတ်အတွက်ရောင်းပေးနေတာဖြစ်ပါ တယ်။ တစ်ချို့မတန်တဲ့ပစ္စည်းလို့သူကယူဆရင် ပွင့်ပွင့်လင်းလင်းပြောပြီး ဒါလေးကမတန်ဘူး မယူနဲ့ ဒါ တော့ယူ ဆိုပြီး ဂရုစိုက်ပေးပါတယ်။ ဈေးလည်းကူဆစ်ပေးပါသေးတယ်။ ဘယ်လို Product က ဘာဖြစ် လို့ ယူသင့်တယ်ဆိုတာကိုလည်း သူက ဂရုတစိုက်ရှင်းပြပေးပါတယ်။ အဲတော့ သူက ပရိတ်သတ်ရဲ့သူ့ အပေါ်ယုံကြည်မှုရော ပစ္စည်းအပေါ်ယုံကြည်မှုရောကိုတစ်ပြိုင်တည်းရရှိသွားပါတယ်။
(၅) Presentation ကောင်းတယ်
ဈေးရောင်းတယ်၊ ဝယ်ပါ ဆိုပြီး သူကတိုက်ရိုက်ရောင်းနေတာမျိုးလို့မထင်ရပါဘူး။ သူ့လေကြောမှာအား လုံးက မျောပါလာစေအောင် Presentation လုပ်ပါတယ်။ သူ့ရဲ့ချုပ်လုံးတွေအောက်မှာအားလုံးကသ ဘောကျတတ်ကြပါတယ်။ “မစိုးကြည်ဖြူရေး ယူလိုက်တော့” “ဝတ်ပြီးရင်ပြန်မချွတ်ချင်တော့ဘူး” “မဝယ်ရင်အပျိုကြီးဖြစ်” “ထက်ထက်အရမ်းကြိုက်ပေမယ့် မဝယ်နိုင်တော့ကိုယ်ချစ်တဲ့သူတွေကို ရစေ ချင်တာ” စတဲ့ သူ့ရဲ့ ချစ်စဖွယ်ချုပ်လုံးတွေအောက်မှာ မဝယ်နိုင်တဲ့ပရိတ်သတ်ကပါ သူ့ကိုဝိုင်းရောင်းပေး လာစေပါတယ်။ ဒါဟာသူ့ရဲ့ အရောင်း Presentation ကောင်းလို့ပါပဲ။
(၆) Entertain ဖြစ်တယ်
သူ့ရဲ့ Conversation content တွေက အများပြည်သူကို သူတတ်တဲ့အနုပညာနဲ့ဖျော်ဖြေနေသလိုခံစားရ ပါတယ်။ သူ့ Live ကိုကြည့်တဲ့လူအများစုကမဝယ်နိုင်သည့်တိုင် သူ့ကိုချစ်လို့တကူးတကကြည့်ကြတာ များပါတယ်။ သူက တစ်ခါတစ်လေသီချင်းလေးတွေဆိုပြတယ်၊ ဟာသလေးတွေပြောပေးတယ်၊ ပေါက်က ရတွေလည်းပြောတတ်လွန်းလို့ အားလုံးကပျော်ရပါတယ်။ ဒါဟာ သူ့စီးပွားသူလုပ်ပြီးအားလုံးကိုပျော်စေ ချင်တဲ့ သူ့စေတနာမှန်းကြည့်သူတိုင်းကသိစေတာပါ။
(၇) ဆုတောင်းမေတ္တာပို့သခြင်း
Live မစခင်ရော၊ ပြီးတဲ့အချိန်ရော ကြားထဲမှာ အရောင်းထွက်တဲ့အချိန်တွေရောမှာ သူက လှိုက်လှိုက်လှဲ လှဲ ဆုတောင်းမေတ္တာပို့သပေးပါတယ်။ အားလုံးကျန်းမာချမ်းသာစေဖို့ အပြုံးနဲ့ဆုမွန်ခြွေပေးတဲ့ မေတ္တာ တွေဟာ သူ့ Live တွေကိုရောင်ပြန်ဟပ်တာလို့ဆိုချင်ပါတယ်။