သတင်းစာ၊ ဂျာနယ်၊ ရုပ်သံ အစချီတဲ့ မီဒီယာအသီးသီးတွေဖက်ကရည်ရွယ်ရေးသားတာဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်တစ်စောင်လက်ခံရရှိတဲ့အခါ အစဆွဲထုတ်ပြီးရေးစရာမယ်မယ်ရရမရှိတာမျိုး၊ အ ချက်အလက်စုံစုံလင်လင်မပါတာမျိုး၊ အဓိကအချက်ကျန်ခဲ့တာမျိုး တွေကြုံရတာကြောင့် ဒီအချက်တွေ ကိုသိထားခြင်းအားဖြင့် မီဒီယာတွေဆီကို သတင်းထုတ်ပြန်ချက်ပေးပို့တဲ့အခါ ထိရောက်မှုရှိစေဖို့အ တွက်ရည်ရွယ်ပါတယ်။ ဒီစာက…..
- သတင်းထုတ်ပြန်ချက်ရေးသားပေးပို့ဖို့အတွေ့အကြုံမရှိတဲ့ ကုမ္ပဏီတွေ
- သတင်းထုတ်ပြန်ချက်ရေးသားရာမှာ ဘာတွေပါဝင်သင့်သလဲ သိရှိလိုသူတွေ
- ထိထိရောက်ရောက်ဖြစ်အောင် ဘယ်လိုရေးသားရမလဲဆိုတာတွေကိုသိရှိလိုသူတွေ
- မီဒီယာတွေကိုဖိတ်ပြီး သတင်းထုတ်ပြန်ချက်ပေးလိုသူတွေ
- Press Release ရေးသားရမယ့်သူတွေ အသီးသီးအတွက်ရည်ရွယ်ပါတယ်။
ကျွန်တော်ရေးတဲ့အထဲမှာ ကျန်ခဲ့တာတွေ၊ လိုတာ၊ ပိုတာတွေရှိရင်လည်း အတွေ့အကြုံရှိ သမ္ဘာရင့် ဆရာ၊ ဆရာမတွေအနေနဲ့ထပ်မံဖြည့်စွက်ဖို့ မေတ္တာရပ်ခံလိုပါတယ်။
သတင်းထုတ်ပြန်ချက် (Press Release) ဘယ်လိုရေးသားမလဲဆိုတာနဲ့ပတ်သက်ပြီး အချက် (၅) ချက် ဆွေးနွေးပြောကြားလိုပါတယ်။ အဲဒါတွေကတော့….
- Press Release ကိုဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးကြသလဲ
- ဘယ်သူတွေဆီကိုရောက်ချင်တာလဲ
- ဘယ်ကိုပို့မလဲ
- Press Release မှာ ဘာတွေပါဝင်သင့်လဲ
- ဘယ်လိုရေးရမလဲ တို့ပဲဖြစ်ပါတယ်။
နံပါတ် (၁) ဖြစ်တဲ့ Press Release ကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးကြသလဲဆိုတော့ ကုန်ပစ္စည်း အကြောင်းလူပိုသိစေချင်လို့၊ ကိုယ့်တံဆိပ်နဲ့ပတ်သက်ပြီး Awareness လုပ်ချင်လို့၊ နာမည်တည် ဆောက်ချင်လို့ (Branding) ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ရေးသားတတ်ကြပါတယ်။ နံပါတ် (၂) အချက်ကတော့ ရှင်းပါတယ်။ အများပြည်သူတွေဆီကို သတင်းအချက်အလက်တွေရောက်ချင် တာကြောင်း သတင်းထုတ်ပြန်ချက်ကိုရေးသားပေးပို့ကြတာပါ။ နံပါတ် (၃) ဖြစ်တဲ့ ဘယ်ကိုပို့မလဲဆို တော့ မီဒီယာတွေဖြစ်တဲ့ ဂျာနယ်၊ မဂ္ဂဇင်း၊ နေ့စဉ်သတင်းစာ၊ အွန်လိုင်းပလက် ဖောင်း၊ ရုပ်သံ၊ ရေဒီယို အစရှိတာတွေဆီကို ပေးပို့ကြပါတယ်။ အဲဒီကနေတစ်ဆင့် အများပြည်သူတွေဆီကို ဖြန့်ကျက်ရောက်ရှိသွားဖို့ဖြစ်ပါတယ်။
Press Release မှာ ဘာတွေပါဝင်သင့်သလဲ
>>>>>>>>>>>>>>>>>>>>>>>
ဒါကတော့ နံပါတ် (၄) အချက်ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်တစ်စောင်ရေးမယ့်အခါမှာ အဓိက ပါဝင်သင့်တာတွေကတော့ ကိုယ်အဓိကဘာတွေကိုသိစေချင်၊ ပေးပို့စေချင်တာလဲဆိုတဲ့ Keywords, ဘယ်အချိ်န်ထုတ်ပြန်သလဲဆိုတာကိုအဓိကသိစေချင်လို့ ရက်စွဲ (Date), ပေးပို့တဲ့ကုမ္ပဏီ၊ လူပုဂ္ဂိုလ် ကို သတင်းမီဒီယာတွေဆက်သွယ်နိုင်မယ့် ဖုန်း၊ အီးမေးလ်လိပ်စာ၊ Contact person တို့ကို မဖြစ်မနေထည့်သွင်းရမှာဖြစ်ပါတယ်။ နောက်အဓိကကျတဲ့ အရာတစ်ခုက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဦးရဲ့ သတင်းထုတ်ပြန်ချက်အကြောင်းအရာနဲ့ပတ်သက်တဲ့ Quotes ကိုထည့်သွင်းရမှာဖြစ်ပါတယ်။ Golden Quote (တကယ့်အဓိကကျတဲ့စကား) ဖြစ်ဖို့လိုပါတယ်။ ဥပမာ..မီးလောင်သတင်းတစ်ပုဒ်မှာ သက်ဆိုင် ရာဌာနရဲ့တာဝန်ရှိသူက “ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ငြိမ်းသတ်ခဲ့ပါတယ်၊ သိပ်တော့မ လွယ်ခဲ့ဘူးဗျ” လို့ ပြောမယ့်အစား ကျွန်တော်တို့လူဘယ်နှစ်ယောက်နဲ့ငြိမ်းသတ်ခဲ့ရတယ်၊ ဘယ်နေ ရာက ဘယ်လို Tools တွေသုံးခဲ့ရတယ် လို့အချက်အလက်တွေနဲ့ပြောတာက Golden Quote ဖြစ်ပါတယ်။ သတင်းပြန်ရေးတဲ့သူတွေအနေနဲ့လည်း ယျေဘုယျပြောတဲ့စကားတွေထက် အချက် အလက်ခိုင်မာတဲ့စကားလုံးတွေကိုသာ သတင်းမှာထည့်သွင်းဖော်ပြကြမှာဖြစ်ပါတယ်။
ဘယ်လိုရေးရမလဲ
>>>>>>>>>
ဖော်ပြထားတဲ့အချက်တွေအတိုင်းအစဉ်လိုက်ချရေးခြင်းအားဖြင့် ကောင်းမွန်ပြည့်စုံတဲ့ သတင်း ထုတ်ပြန်ချက်တစ်စောင်ကိုရေးသားနိုင်မှာဖြစ်ပါတယ်။
- ထုတ်ပြန်ချက်ညာဖက်တောင့်မှာ သတင်းထုတ်ပြန်တဲ့နေ့ ရက်စွဲအရင်တပ်ပါ
- လိုတိုရှင်းခေါင်းစဉ်တပ်ပါ
- Inverted Pyramid ပုံစံရေးပါ (အရေးအကြီးဆုံးအကြောင်းအရာတွေကိုအရင်ရေးပြီး ဒုတိယအရေးကြီးအချက်၊ တတိယအရေးကြီးအချက် စသည်ဖြင့် အစဉ်လိုက်ရေးသွားပါ၊ သတင်းသ မားတွေအတွက် ဖတ်ရတာပိုရှင်း၊ သတင်းအစဆွဲထုတ်လို့ပိုကောင်းစေပါတယ်)
- Focus မပျက်ပါစေနဲ့ (ပြောချင်၊ ထည့်ချင်တာတွေများရင် Focus ပျက်သွားတတ်ပါတယ်၊ ဒါကြောင့် ကိုယ့်သတင်းထုတ်ပြန်ချက်ရဲ့အဓိကဆိုလိုရင်းကိုမပျက်ပါစေနဲ့)
- စာလုံးပေါင်းအထူးဂရုစိုက်ပါ
- စာပိုဒ် သုံးပိုဒ်ကနေ ငါးပိုဒ်အထိပဲရေးပါ
- Golden Quote ထည့်ပါ
- ဆက်သွယ်ရန်နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ် ထည့်ပါ
- နောက်ဆုံးမှာ ကုမ္ပဏီအကြောင်း၊ Background Information တွေထည့်ပါ
အဆင်ပြေဆုံးသတင်းထုတ်ပြန်ချက်တစ်စောင်ရေးသားနိုင်ဖို့မျှော်လင့်ပါတယ်။